6(Unicode)

138 3 0
                                    

"ကဲ..သားတို့ လာ..အဖေတို့နဲ့ ဓာတ်ပုံရိုက်ရအောင်"

ဒီနေ့ သူတို့လေးတွေရဲ့ (၄) နှစ်ပြည့်မွေးနေ့။

ထို့ကြောင့် သူတို့၏ အဖေဖြစ်သူ ဦးစိုးဝင်းက အဝတ်အစားလဲနေသော သူ့သားအမြွှာလေး(၂) ယောက်ကို ပွေ့ချီလာပြီး ဓာတ်ပုံရိုက်မည့်နေရာသို့ ခေါ်လာခဲ့သည်။

ထိုနေရာတွင် ဓာတ်ပုံဆရာ၊ ဦးစိုးဝင်းနှင့် သူ့ဇနီး ‌ဒေါ်ကြာမှုံ၊ အကြီးဆုံးသားလေး ဝဏ္ဏအောင်နှင့် မွေးနေ့ရှင် အမြွှာလေးများဖြစ်သော စောယွန်းနောင်၊ စောယွန်းမောင်တို့ ညီအကိုနှစ်ယောက် စုံလင်ကြပြီဖြစ်သည်။

"ကဲ..ဒါဆို ဓာတ်ပုံရိုက်ကြမယ်..ဦးဦးစည်သူရေ..သားတို့ကို လှလှလေးရိုက်ပေးပါလို့...အနောက်က ဘုရားကိုလည်း ပေါ်အောင်ရိုက်ပေးပါနော်.."

ဦးစိုးဝင်းက ပြောရင်းဆိုရင်း သူ့သား‌များအား ဆွဲခေါ်ကာ ဓာတ်ပုံရိုက်ရန်ပြင်လိုက်လေသည်။

"ကဲ..ဒါဆို ရိုက်ပါပြီနော်..၁၊ ၂၊ ၃.."

'ဖြတ်'

ဓာတ်ပုံထဲတွင် ပျော်စရာကောင်းသော မိသားစု (၅) ယောက်။

ဤပုံကို ဧည့်ခန်းတွင် ချိတ်ထားလိုက်ပြီး ယွန်းထည်လုပ်ငန်းရှိရာ အိမ်၏ အနောက်ဘက်ခြမ်းသို့ ဦးစိုးဝင်းလှမ်းလာခဲ့တော့သည်။

နောက်ဆုံးတွင်တော့ ဤမြေတွင် ချစ်သူ(၂) ဦး ပြန်လည်ဆုံစည်းနိုင်ခဲ့လေပြီ။

မေတ္တာများစစ်မှန်၍ ပြန်လည်ဆုံတွေ့ကြရန် ဤမြေမှ ဆုံးဖြတ်ချက်ချပေးလိုက်သည့်နှယ်။

ပြန်လည်ဆုံတွေ့ကြရာဝယ် ယခင်ကဲ့သို့ ကိုကိုမောင်နှင့် နွေနှောင်းမဟုတ်တော့။

စောယွန်းမောင်နှင့် စောယွန်းနောင်။

အိုဘယ့်...ရွှေညာမြေ (Ongoing)Où les histoires vivent. Découvrez maintenant