အပိုင်း ၉

859 129 1
                                    

Unicode

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

အပိုင်း ၉



လင်းဝေ့သည် ခွေးတွေကကြွက်ကို အနှောက်အယှက်ပေးသည့်စကားပုံကို ထုတ်မပြောခဲ့သော်လည်း ကောင်းရှို့လျန်က ထို့သို့နားလည်လိုက်ကာ လင်းဝေ့နှုတ်မှ ထွက်သည် ဟုသာ ဆိုနေခဲ့သည်။

ကျောက်ဖုန်းလည်း ထိုစကားများက ပြောရန် မသင့်တော်သည်ကိုခံစားမိ၍ ရေရွတ်လိုက်သည်။

"ကျုံးရှောက်က ဘယ်လိုအမျိုးသမီးမျိုးကို လက်ထပ်ထားတာပါလိမ့်။ မင်းလည်းအတူတူပဲ မင်းမှာအလုပ်မရှိလို့ သူများကိစ္စတွေကို လိုက်ပြောနေတာလား"

ကောင်းရှို့လျန် မပျော်မရွှင်ဖြစ်သွားကာ ပြောခဲ့သည်။ "ရှင်က ဘာလို့ ကျွန်မကို အပြစ်တင်နေတာလဲ ကျွန်မက သူ့ကို စေတနာနဲ့ပြောပြနေတာကို"

"ဟုတ်ပါတယ် မင်းကစေတနာနဲ့ ပြောပေမယ့် တစ်ဘက်လူက လက်မခံတော့ ဘာအသုံးဝင်မှာလဲ"

"အာ့လိုမှမဟုတ်ရင် ကျွန်မက ဘာလို့စိတ်တိုနေရမှာလဲ။အစကတည်းက အာ့လိုလူမျိုးမှန်းသိရင် ကျွန်မ ဖျောင်းဖျမနေပါဘူး။ ပြီးတော့ သူတို့ကလည်း သူတို့ပိုက်ဆံနဲ့ပြင်တာဆိုတော့ ကျွန်မနဲ့ လည်းမဆိုင်ပါဘူးလေ"

ကျောက်ဖုန်း ဝင်မပြောသည်က ကောင်းမည်ဟု စဥ်းစားလိုက်သည်။ သူဝင်ပြောလျှင် သူ့ဇနီးနှင့် အချေအတင်ဖြစ်လာနိုင်သည်။ ထမင်းစားနေစဥ် သူက​ငြိမ်နေသော်လည်း သူ့မိန်မကတော့ မရပ်မနား တတွတ်တွတ် ပြောနေသည်။ ကြားနေရသည်မှာ ခေါင်းကိုက်လာ၍ တူကိုပစ်ချကာ ထွက်သွားလိုက်၏။

ကျောက်ဖုန်းသူ့အိမ်ကနေ လမ်းလျှောက်ထွက်လာစဥ်တိုက်ဆိုင်စွာပင် အိမ်နောက်ဖေးတွင် ပန်းကန်ဆေးနေသော ကျုံးရှောက်ကို တွေ့လိုက်ရသည်။

ကောင်းရှို့လျန် အပြောအရတော့ ကျုံးရှောက်ဇနီးက အဖက်ဖက်က ဆိုးရွားနေသောသူဖြစ်သည်။ ကျောက်ဖုန်းသည် အမျိုးသမီးများကြား ဖြစ်သည်ကိစ္စသည် အမျိုးသားများနှင့်မဆိုင် ဟု ယူဆကာ ကျုံးရှောက်ဆီ လမ်းလျှောက်သွားကာ မေးလိုက်သည်။"ဘယ်တုန်းကပြန် ရောက်တာလဲ"

၇၀ ခုနှစ်စုံတွဲ၏ နေ့စဥ် ပုံမှန်အစီအစဥ် (ဘာသာပြန်)Where stories live. Discover now