အပိုင်း ၈

Start from the beginning
                                    

လင်းဝေ့ကိုလည်း ကောင်းရှို့လျန်ကို ထွက်ပြေးသွားစေသည်အထိ စကားစစ်ထိုးရာတွင် ကျွမ်းလိမ့်မည်ဟု မထင်ခဲ့မိပေ။

ကောင်းရှို့လျန်၏ ဖင်ပူစွာပြန်ပြေးသွားသည်ကို ကြည့်ကာ ဝမ်ဖန်းလိမျက်လုံးများက တောက်ပလာပြီး.လင်းဝေ့ကို သဘောကျသွားတော့သည်။

လင်းဝေ့ အမြင်တွင်တော့ ကောင်းရှို့လျန်တွင် တစ်လွဲမာနရှိကာ အိမ်နီးချင်းများ အရေးကိုလည်း ဝင်ရောက်စွက်ဖက်တတ်သူဖြစ်ပြီး နောက်ပိုင်းတွင် ပြသနာများဖြစ်လာနိုင်သည်။

သို့သော် ကောင်းရှို့လျန်ကို ဝမ်ဖန်းလိ ရန်တိုက်ပေးခဲ့ခြင်းလဲ မဟုတ်ပါ။ ကောင်းရှို့လျန်သည် တစ်ဖက်မိသားစု၏ အခြေအနေကို သေချာခွဲခြားမသ်ိပဲ ဝင်ရောက် စွက်ဖက်ပြီး စကားများတတ်သောကြောင့်ဖြစ်သည်။

အခုတော့ ဝမ်ဖန်းလိက ပြဇာတ်​ကောင်းကိုလည်း ကြည့်လိုက်ရကာ ကောင်းရှို့လျန်ကိုလည်း စိတ်အနှောက်အယှက်ပေးနိုင်ခဲ့သည်။

လင်းဝေ့က ကြောက်တတ်သူတစ်ဦး မဟုတ်သော်လည်း ကောင်းရှို့လျန် နောက်ကွယ်ရှိ ဒုတပ်မှုးကို တွေးမိတဲ့အခါ ခေါင်းကိုက်လာမိသည်။

ထို့ကြောင့် ဝမ်ဖန်းလီကို မဧည့်ခံနိုင်တော့ဘဲ " ကျွန်မ အိမ်မှာ လုပ်စရာတွေက များတော့လေ...." ဟုပြောရုံရှိသေး ဝမ်ဖန်းလိလည်း လင်းဝေ့ပြောလိုက်သည့်စကားကိုနားလည်လိုက်ကာ ပြောလဲ့သည်။ "အချိန်တောင်ကျပြီဆိုတော့ ကျွန်မလည်း ပြန်လိုက်ပါဦးမယ်"

 ခဏအကြာတွင် ဝမ်ဖန်းလိက ပြန်ပြောလိုက်သည်။ "အစ်မကောင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်မလည်း ဘာပြောရမယ်မှန်း မသိတော့ဘူး အဆင်ပြေသွားပါလိမ့်မယ်"

ဤကဲ့သို့ ဖြစ်ပျက်သွားပြီးနောက် လင်းဝေ့ ဘာပြောနိုင်မည်နည်း။ သူမခေါင်းခါကာ "ရပါတယ်" ဟုသာ​ပြန်ပြောလိုက်သည်။

ဝမ်ဖန်းလိလည်း ခေါင်းငြိမ့်ကာ "ဒါဆိုနောက်ရက်မှ ထပ်လာလည်မယ်နော်" ဟုပြောကာ ပြန်သွားခဲ့သည်။

ဝမ်ဖန်းလိ ပြန်သွားသည်ကိုကြည့်ရင်း သူမပြန်လှည့်လိုက်ရာ ကျုံးရှောက် လှေကားအဆင်းနားမှာ ရပ်နေသည်ကို တွေ့လိုက်ရပြီး တအံတသြ မေးလိုက်သည်။" ရှင်ဘယ်တုန်းက အောက်ဆင်းလာတာလဲ"

၇၀ ခုနှစ်စုံတွဲ၏ နေ့စဥ် ပုံမှန်အစီအစဥ် (ဘာသာပြန်)Where stories live. Discover now