BOƝUS ƤAƦƬ ④

Începe de la început
                                    

"ဟင်..."

တံခါးဝတွင် ရပ်နေသူက ပြည်သာ။

"ပြည်သာ... ဒီကို...ဘယ်လိုလုပ်ရောက်လာတာ"

"ပြည်သာက မဖြေ..."

ထို့နောက် လက်ထဲမှ တစ်ခုခုကို ထောင်ပြလေသည်။

"ဟင်... ဒါ .. ဒါ... ဘယ်လိုလုပ်"

"အဟီး ဟီး... ကိုကြီးတို့ ဘာမှမဘာရသေးဘူး မဟုတ်လား... လက်လွန်ကုန်ပြီလား.. ဘာလိုက်ရင်တော့ ဇော်ထက်ငိုရတော့မှာ"

"ပြည်သာ.. မင်း... မင်းကွာ.. ဒီလောက်မွှေရလား"

"အဟဲ.. မွှေတာမဟုတ်ပါဘူး ကိုကြီးကလည်း... သားက ချစ်လို့ စလိုက်တာပါ"

"ဟမ်"

ထိုအချိန်တွင် အခန်းထဲမှ ဇော်ထက်၏ စူးစူးဝါးဝါးအော်သံက ထွက်ပေါ်လာသည်။

"ကိုကိုရေ... အီးဟီးးး ကယ်ပါဦး"

နေသာ အခန်းထဲ အပြေးဝင်လိုက်ရ၏။ ဇော်ထက်က စောင်ကိုလက်ဖြင့်တင်းနေအောင်ဆုပ်ထားရင်း မျက်ရည်များ ဖြိုင်ဖြိုင်ကျနေရှာသည်။ ဝေဒနာတစ်ခုခုကို ခံစားနေရသည့်ပုံပင်။

"ဇော်ထက်.. ညီ.."

နေသာက ကုတင်ပေါ်ဝင်ထိုင်လိုက်ပြီး ဇော်ထက်ကို ရင်ခွင်ထဲ ထည့်လိုက်ရသည်။ ဇော်ထက်ကတော့ ပြည်သာကိုလည်းမကြည့်ပါ။ တရှုံ့ရှုံ့နှင့်သာ ငိုနေရှာ၏။

ပြည်သာက Lube ဘူးလေးကို ကုတင်ပေါ်ပစ်တင်ပေးလိုက်ပြီး ပခုံးတွန့်ပြသည်။

"ဒါကို ဘယ်ချိန်က.. နေပါဦး.. မင်းတို့က ရှိန်းမိဘတွေ အိမ်မှာ အိပ်ကြမယ်ဆို..."

"ကိုကြီးနဲ့ ဇော်ထက် ဒါလေးလိုမယ်ထင်လို့ လာပေးတာလေ.. ကျေးဇူးမတင်ဘူးလား"

"မင်းကွာ..."

ပြည်သာရဲထက်က ငိုနေသည့် ဇော်ထက်ကို ပခုံးလေးနှစ်ချက်ပုတ်ကာ အခန်းမှ ထွက်လာခဲ့လိုက်သည်။ မျက်နှာတွင်တော့ အောင်နိုင်သူအပြုံး။

.......................................................

ပြည်သာ ပြောပြသမျှ တဟားဟားရယ်နေသည့် ဒီးဒီး။ ဒီးဒီးနှင့် ရတုက ပြည်သာ၏ H & H Café လေးသို့ ရောက်ရှိနေကြခြင်းပင်။

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Unde poveștirile trăiesc. Descoperă acum