ƤAƦƬ ㉒

7.9K 341 9
                                    

အပိုင်း - ၂၂

"အမလေး ကိုယ်ကျိုးတော့ နည်းပါပြီကိုရှိန်းမာန်ရယ်...  ကိုရှိန်းမာန်ရဲ့"

အလုပ်က ပြန်လာလာချင်း အိမ်အဝင်ဝမှာပဲရှိသေး ရင်ဘတ်စည်တီးကာ အော်ငိုနေသော ဇနီးဖြစ်သူကြောင့် လက်မှာဆွဲထားသောအိတ်လေးပင် လွတ်ကျတော့မလိုဖြစ်သွားရသည်။

"ဘာဖြစ်ရပြန်ပြီလဲကွာ... တိုးတိုးသက်သာလုပ်ပါဟ တော်ကြာ မင်းငိုတဲ့အသံကြားပြီး ပတ်ဝန်းကျင်က မောင်တစ်ခုခု ဖြစ်တယ် ထင်နေပါဦးမယ် မိန်းမရာ"

"မတိုးနိူင်ဘူးတော်ရေ့... မတိုးနိူင်ဘူး ရှင့်သားလုပ်ပုံ ကောင်းကြသေးရဲ့လား ဟင် ကောင်းကြသေးရဲ့လား"

"သားက ဘာဖြစ်လို့လဲ... မနက်က သားကိုမေးတော့ ကျောင်းကို အစောကြီးထွက်သွားတယ်ဆို မင်းပဲ ပြောပြီးတော့"

ဦးရှိန်းမာန်ပြောလိုက်တော့မှ သတိရသွားဟန်ဖြင့် ဒေါ်သီတာမှာ ထပ်ကာအော်ငိုပြန်တော့သည်။

"အမလေး သီတာကတော့ သီတာ့ကိုစိတ်ကောက်ပြီး မျက်နှာချင်းမဆိုင်ချင်လို့ ကျောင်းကို အစောကြီးသွားတယ်ထင်တာပေါ့လို့... အခုများတော့ ရှင့်သားက ယောင်းမမြင်းစီးထွက်သွားတာတော်ရေ့ သိလား"

ဦးရှိန်းမာန်တစ်ယောက် ဒေါ်သီတာ၏စကားများကို နားမလည်စွာ ခေါင်းကိုသာ ကုတ်နေမိတော့သည်။ ဟုတ်သည်လေ။ သားက ဘယ်ယောင်းမကို စီးပြီးထွက်သွားတာလဲ။

"သားက အခု ဘာဖြစ်နေလို့လဲကွာ..."

"ရော့ ဒီစာသာ ဖတ်ကြည့်တော့"

ဒေါ်သီတာက လက်ထဲမှာလုံးချေထားသော စာလေးအား ဦးရှိန်းမာန်ဆီသို့ ဘောက်ဆတ်ဆတ်နှင့်ပေးလိုက်လေတော့သည်။ ဦးရှိန်း ဘေးအိတ်ထဲမှ မျက်မှန်လေးကို ထုတ်ကာတပ်ပြီး ရှိန်းထားခဲ့သော စာလေးအား တစ်လုံးချင်း ပီသစွာ ဖတ်ကြည့်မိတော့သည်။

"ချစ်လှစွာသော ဖေဖေနဲ့မေမေ သားမိုက် စာရေးခဲ့ပါတယ်"

"တွေ့လားတွေ့လား သူ့ကိုယ်သူ မိုက်တွင်းနက်နေတာတော့ သိသေးသားပဲ"

ဒေါ်သီတာရဲ့အသံက နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလာလေသည်။

"စိတ်လေး လျှော့ပါကွာ ... စာကို ဆုံးအောင်ဖတ်ပါရစေဦး... အွန်း သားမိုက် စာရေးခဲ့ပါတယ်တဲ့... ကြောင်အိုတော့ ကြွက်မလေး ဆိုတဲ့စကားလို သား ဖေဖေမေမေတို့လို မလေးမစားလုပ်ခဲ့တာ မဟုတ်ပါဘူး... ဆင်သေကို ဆိတ်သားရေနဲ့ဖုံးလို့မရသလို သားရင်ထဲက ဝေဒနါတွေက ဖုံးဖိလို့မရအောင် ကြီးထွားလာတာမို့ ချစ်ရတဲ့ပြည်သာကို သား ခိုးပြေးသွားပါပြီ... ကျွဲနှစ်ကောင်ခတ်ရာမှာ မြေစာပင်ဖြစ်ရတော့မယ့် သားတို့နှလုံးသားတွေကို ငဲ့ညှာပြီး လိုက်မရှာကြပါနဲ့... ပုဇွန်ဆိတ်လေး ဘယ်လိုငယ်ငယ် ပင်လယ်ကူးတတ်တာမို့ အချစ်သမုဒ္ဒရာကြီးမှာ ကူးခတ်ခွင့်ပြုပါတော့ဖေဖေနဲ့မေမေ သားဦးတင်ခဲ့ပါတယ်... ချစ်တဲ့ သားမိုက်"

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now