ƤAƦƬ ⑭

8.8K 402 1
                                    

အပိုင်း - ၁၄

မော်ကွန်းတစ်ယောက် ရေးကြီးသုတ်ပျာဖြင့် အလျင်လိုနေပုံရသည်။

ဖိုသီဖတ်သီဖြစ်နေသော အဝတ်အစား၊ ဖွာလန်ကြဲနေသော ဆံပင်၊ ရှည်လျားနေသော မုတ်ဆိတ်တွေ၊ မျက်တွင်းဟောက်ပက်ဖြစ်နေသော မျက်လုံးတို့ဖြင့် မော်ကွန်းပုံစံက အတော်လေးကို စုတ်ပြတ်နေသည်။

ကြောင်တောင်တောင်မျက်လုံးတွေက ဘေးဘီးဝေ့ဝိုက်ကာ တစ်ယောက်ယောက်ကို လိုက်ရှာနေသလိုပင်။

အရိပ်အာဝါသကောင်းလှသော သစ်ပင်ကြီးအောက်တွင်ထိုင်ကာ ထမင်းလိပ်စားနေကြသော ဒီးနဲ့ရတုကိုတွေ့လိုက်တော့မှ မော်ကွန်းမျက်နှာတွင် ဝမ်းသာရိပ်တွေဖြတ်ပြေးသွားကာ ဒီးတို့ရှိရာဆီသို့ ခြေလှမ်းကြဲကြီးတွေနဲ့ အပြေးလာမိသည်။

"ဒီး..."

မော်ကွန်းရဲ့ အင်အားကြီးလွန်းလှတဲ့ခေါ်သံကြောင့် ပါးစပ်ထဲရောက်နေသော ထမင်းလိပ်လေးကိုတောင် ဒီးတစ်ယောက် မဝါးဘဲမြိုချလိုက်ရသောကြောင့် ဂလုနဲ့တောင် အသံထွက်သွားလေသည်။

"ဘာလဲဟယ်... ဖြည်းဖြည်းခေါ်လဲရပါတယ်"

"ဒီး... ငါလေ ငါလေ"

မော်ကွန်းက ပြောမည်ကြံလိုက် ပြောသင့်မပြောသင့်စဉ်းစား​နေလိုက်ဖြင့် စကားလုံးတွေက ပီပီသသထွက်မလာချေ။ ထို့ကြောင့် ဒီးကစိတ်မရှည်စွာဖြင့်

"ရုပ်ကိုက အိပ်ချင်မူးတူးနဲ့ဟယ်... ဘာလဲ မြန်မြန်ပြော... ငါနောက်ချိန် အတန်းတက်မှာ"

"အေးလေ... ပုံစံကိုက သူတောင်းစားခွက်ပျောက်နေတဲ့ပုံစံနဲ့"

ဘယ်အချိန်ကတည်းကပြောချင်နေမှန်းမသိသော ရတုကပါ ဘေးကနေ ဆွမ်းကြီးဝင်လောင်းလိုက်တော့ မော်ကွန်းရဲ့နဂါးမျက်စောင်းတွေက ရတုဆီသို့ ဒိုင်းကနဲ ကျရောက်လာလေသည်။

ပြီးမှ အဓိကပြဿနာကို အရင်ဖြေရှင်းရန် တွေးလိုက်ပုံရသည်။ ဒီးဘက်သို့ မျက်နှာပြန်လှည့်သွားသည်။

"ဒီး... ငါလေ"

"အွန်း နင်က ဘာဖြစ်လဲ"

"ဒီး ငါ ​ချစ်မိနေပြီထင်တယ်"

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now