4(Unicode)

97 5 0
                                    

"‌ဟော..မောင့်ရဲ့နှောင်းလေး နိုးပြီလား...မောင့်ရဲ့နှောင်းလေးစားဖို့အတွက် မောင်မနက်စာပြင်ထားတယ်နော်.."

ပြတင်းပေါက်မှလာသော နေရောင်ခြည်တို့မှာရွှေရောင်သဖွယ်ကျရောက်နေသော နွေနှောင်း၏ ပါးပြင်လေးအား ကိုကိုမောင်ကတစ်ချက်နမ်းလိုက်ရင်း ပြောလိုက်ခြင်းဖြစ်သည်။

"မောင်က အခုဘယ်သွားမလို့လဲ.."

နှောင်းကလည်း အိပ်ချင်မူးတူးဖြင့် မျက်လုံးကို ပွတ်ကာ မေးလိုက်သည်။

"မောင်တို့ပိုနေတဲ့ငွေတွေကို ဘာလုပ်မယ်ဆိုတာ နှောင်းကိုပြောထားတာပဲ နှောင်းရယ်...နှောင်းနဲ့မှ အတူသွားမှာပါ...အခုနှောင်း မျက်နှာလေးအရင်သစ်ဦး..ပြီးရင် မောင့်လက်ရာလေးကို စားကြည့်ပါဦး.."

နွေနှောင်း၏ အိပ်ရာထဖွာနေသော ဆံပင်လေးများအား ကိုကိုမောင်က ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

ညောင်ဦးကို သူတို့နှစ်ဦး ပြန်ရောက်နေသည်မှာ ၂ လခန့်ရှိပြီဖြစ်သည်။

၂ လအတွင်းမှာပင် ၎င်းတို့နှစ်ဦးနေရန်အတွက် နေထိုင်ရန်အိမ်ကို ကိုကိုမောင်၏မိတ်ဆွေ ကိုထွန်း၏ အကူအညီဖြင့် လိုက်လံရှာဖွေနေခဲ့ရသည်။

ကိုကိုမောင် နွေနှောင်းရှိရာသို့အပြီးလိုက်ရန် သူ၏နေအိမ်များကို ရောင်းချ၍စီစဉ်ခဲ့သော်လည်း နွေနှောင်းမှာ ဤအညာမြေညောင်ဦးမှာပင် အခြေချချင်သည်ပြောသောကြောင့် ဗူးဘုရားအနီးမှ ခြံကျယ်ကျယ်အိမ်လေးတစ်လုံးကို မနေ့ကမှ အပြီးအပိုင်ဝယ်ယူလိုက်ခြင်းဖြစ်သည်။

နွေနှောင်း မျက်နှာသစ်၍ မနက်စာစားပြီးချိန်တွင် ကိုကိုမောင့်ကို စကားစလိုက်သည်။

"မောင်...ပိုနေတဲ့ပိုက်ဆံတွေကို ပုဂံက ဘုရားတွေအကုန် ပြုပြင်ဖို့ လှူမှာက ဟုတ်ပါပြီ...နှောင်းနဲ့မောင် ဘာစီးပွားရေး လုပ်ကြမလဲဆိုတာပါ စဉ်းစားပါဦး..."

နွေနှောင်းက ကိုကိုမောင့်၏ ခါးကိုဖက်ကာ ရင်ခွင်ကျယ်ကြီးထဲဝင်၍ မေးလိုက်သည်။

"မောင်စဉ်းစားပြီးပါပြီ...မောင်တို့ ယွန်းထည်လုပ်ငန်းလုပ်ကြမယ်ဆိုရင်ရော..လှူမယ့်အထဲက မဟုတ်ဘဲ နှောင်းသက်သက်ယူလာတဲ့အထဲကပေါ့.."

အိုဘယ့်...ရွှေညာမြေ (Ongoing)Where stories live. Discover now