''အင်း ဟုတ်တယ် ဆိုယွန်းပဲ
မင်းရှိမယ်ဆိုလို့ လိုက်လာတာလေ''
ခေါင်းငုံ့ရယ်ပြီး ပြောလိုက်တယ်။ အရင်းနှီးဆုံးသူငယ်ချင်းမို့ အိုမားစပြောကတည်းက Taeyongကို ပြောပြထားပြီးသား။ သေချာမိတ်မဆက်ပေးဖြစ်ပေမယ့် Taeyongက ဆိုယွန်းအကြောင်းသိပြီးသားဖြစ်နေပြီ။
''မင်္ဂလာပါ ခယ်မလေး''
''မင်္ဂလာပါ Taeyong ညီမ အကို့fanပါ''
ခါးကျိုးမတတ် ကိုင်းပြီး နှုတ်ဆက်ပြီး အရမ်းကိုပျော်နေတဲ့ ဆိုယွန်းရယ်ပါ။
''ကျနော်တို့ တရားဝင်မိတ်မဆက်ရသေးပေမယ့် ဘာဒါက ပြောပြထားပါတယ်''
''ဟုတ် ပြောထားတာလား''
''scheduleရှိသေးတယ်ဆို သွားစရာရှိရင် သွားတော့လေ''
ဘာဒါဝင်ပြောတော့ ဆိုယွန်းက
''ဟို signလေး''
ပြောပြီး မှတ်စုစာအုပ်လေးထိုးပေးတယ်။
Taeyongက signထိုးပေးရင်း
''ခယ်မလေး မနက်ဖြန် အားရင် ပွဲကိုလာခဲ့လေ ''
''ပွဲက ဘယ်မှာလဲဟင် ဘယ်အချိန်လဲ''
''HaMyungUniversityပွဲပါ ကျနော်ကတော့ ခဏပဲ ညနေ ၆လောက်ပေါ့''
''ရုံးကစောစောထွက်လို့ရအောင်လုပ်ပြီး လာခဲ့ပါ့မယ်''
''ကြိုးစားတယ်နော်''ဘာဒါဝင်ပြောရင်း ခေါင်းလေးကို ဖွဖွထုလိုက်တယ်။ ဇက်လေးပုဝင်သွားပေမယ့် သူ့ဆီတချက်မှ အကြည့်မရောက်တဲ့ခလေးမ။Taeyongက အကုန်လုံးကို နှုတ်ဆက်ပြီး ပြန်တော့ BEBEအဖွဲ့ရော သူတို့နှစ်ယောက်ရော အသီးသီးနှုတ်ဆက်ပြီး ပြန်ခဲ့ကြတယ်။ ကားနားသွားကြတော့ ဘာဒါက ဆိုယွန်းလက်ကိုမတွဲပဲ ရှေ့ကမြန်မြန်လျှောက်သွားပြီး ကားထဲအရင်ဝင်ထိုင်တယ်။ ခါတိုင်းဆို ကားတံခါးဖွင့်ပေး ကားထဲဝင်ရင် ခေါင်းကိုကာပေးမို့လို့ ဘာဒါစိတ်ကောက်နေပြီလို့ ဆိုယွန်းသိလိုက်တယ်။ ကားထဲဝင်ထိုင်ပြီး ခါးပတ်မပတ်ပဲနေလိုက်တယ်။ ဘာဒါက ကားထွက်မယ်လုပ်လိုက်ပြီးမှ
''ခါးပတ်ပတ်''
''ဟင် အင်း''
ဆိုယွန်း သူပြောမှ ခါးပတ်ကြိုးကိုဆွဲလိုက်တယ်။
''ဆွဲလို့မရဘူး လုပ်ပါဦး''
ပြောတော့ ဘာဒါက ခပ်တည်တည်နဲ့ဆိုယွန်းဘက်ကို လှည့်လာပြီး ခါးပတ်ကြိုးကဆွဲတပ်ပေးတယ်။ မျက်နှာရှေ့နီးနီးကပ်ကပ်ရောက်လာတဲ့ ဘာဒါမျက်နှာချောချောကို လှမ်းနမ်းလိုက်တယ်။ ပါးကိုရွှတ်ခနဲနမ်းတော့ ဘာဒါက လှည့်ကြည့်တယ်။
''ဘာလုပ်တာလဲ''
''မျက်နှာရှေ့ရောက်လာတာကိုး အရမ်းချောနေလို့လေ''
ပြုံးစိစိနဲ့ဖြေတော့ ဘာဒါပြုံးလိုက်တယ်။ ချောတဲ့နည်းပေါ့။ တော်တော်တတ်နေတာပဲ။
ဘာဒါလှည့်ပြီး ဆိုယွန်းနှုတ်ခမ်းတွေကို စုပ်ယူနမ်းရှိုက်လိုက်တယ်။ မထင်ထားပုံရတဲ့ ဆိုယွန်းက ထိုင်ခုံမှာ ကျောကပ်ပြီး အသက်အောင့်ထားတယ်။
နှုတ်ခမ်းချင်း ခဏခွာပေးလိုက်ပြီး
''အသက်ရှူလေ ဘာလို့အသက်အောင့်ထားတာတုန်း''
''မသိဘူးလေ ရှူလို့မရလို့ပေါ့''
''မဆိုင်ပါဘူး ရှူလို့ရပါတယ်ဆို မင်းကအသက်အောင့်ထားတော့ ဒီကကောင်ကြာကြာနမ်းလို့မရဘူးပေါ့''
ပြောပြီး ပြန်နမ်းတယ်။ နည်းနည်းကြာတော့ သူ့ရင်ဘတ်ကိုအတင်းတွန်းတယ်။
နောက်ဆုတ်ပေးတော့
မောနေတဲ့အသံလေးနဲ့
''လူတွေမြင်သွားလိမ့်မယ်''
''မြင် မြင်ပေါ့ ဘယ်သူအရင်ဆွတာလဲပြော
အိမ်ရောက်မှ နမ်းနည်းသင်ပေးရဦးမယ် အခုထိမနမ်းတတ်သေးဘူး ကလေးယူရင်တောင် မွေးပြီးရော့မယ်''
''ဘာဒါ ဘာတွေပြောနေတာလဲ ''
''မဟုတ်ဘူးလား ကိုယ်ပြောတာ'' ဆိုယွန်းကိုစနောက်ရင်း ကားစထွက်လိုက်တယ်။
''မဟုတ်ဘူး''
''ကိုယ်တို့ဘယ်တုန်းကအတူတူနေတာလဲ ကြာလှပြီကို''
''အာ တော်တော့လို့''
''၂လ လောက်ရှိပြီမလား မင်္ဂလာဦးညကတော့ ကောင်မလေးတစ်ယောက်ကြောင့် ခွဲအိပ်လိုက်ရလို့ပေါ့ကွာ နို့မို့ဆို အဲ့ကတည်းက ဟားဟား''
''ဘာလဲ ဘယ်သူ့ကြောင့်ခွဲအိပ်ရတာလဲ ဘာဒါပဲ ဆိုယွန်းကိုဟိုဘက်အခန်းမှာနေခိုင်းတာလေ''
''ဟင် ကိုယ်က အလုပ်လုပ်ရင်းသုံးဖို့ပြောတာလေ ခွဲအိပ်မယ်လို့ပြောလို့လား''
''မသိဘူးလေ အဲလိုပြောပြီး ထားခဲ့တာပဲကို''
''ဒါဆို ဆိုယွန်းက အစကတည်းက ခွဲမအိပ်ချင်ဘူးပေါ့ ဟင်''
မေးပြီး မျက်နှာကိုလှည့်ကြည့်တော့ ဆိုယွန်းက ရှက်နေတယ်။
''မဟုတ်ဘူးလေ ခွဲအိပ်မယ့်စိတ်ကူးမရှိဘူးပြောတာ အတူတူအိပ်မယ်မပြောပါဘူး''
''အတူတူပဲဟာကို''
''မတူပါဘူးနော်''
''ဒါဆို အဲ့ညကတည်းက အတူတူအိပ်ရရင် အဲ့ကတည်းက ဖြစ်မှာပေါ့နော်''
''တော်တော့လို့ မပြောနဲ့တော့လို့''ရှက်ရှက်နဲ့အော်နေတဲ့ဆိုယွန်းကို တစ်လမ်းလုံးစနောက်လာရင်း ဘာဒါကြည်နူးနေမိတယ်။ နားလည်မှုလွဲပြီး အခန်းခွဲအိပ်လိုက်ရတာမလား ။ တခြားမေးစရာတွေကျန်နေသေးပေမယ့် နောက်မှအေးဆေးမေးမယ်လို့ တေးထားလိုက်တယ်။

ချစ်မိသော ပင်လယ် Where stories live. Discover now