ဗြောရဲ့ ပါးဖောင်းလေးပေါ် ခပ်ဖွဖွနမ်းလိုက်ပြီး ထယ်ယောင်းပြောတော့...

"ရပါတယ် ဖေဖေ....သား တစ်ယောက်တည်း အိပ်တက်ပါတယ်....သားက ငါးနှစ်ပြည့်တော့မှာလေ..."

ငါးနှစ်ပြည့်တော့မှာကို ဆယ့်ငါးနှစ်သားလို ပြောနေတဲ့ ကိုလူလည်လေးကြောင့် ထယ်ယောင်း ပြုံးမိရသည်။

"ဟုတ်ပါပြီ...ငါးနှစ်သား လူပျိုကြီးရေ...ဖေဖေ သွားပါ့မယ်..."

သားက ပါးချိုင့်လေးထင်းအောင်ရယ်ပြကာ ကုန်းထလာပြီး ထယ်ယောင်းရဲ့ပါးပေါ်သို့ သူ၏ နှုတ်ခမ်းပါးလေးကို စုချွန်လျက် အသံမြည်သည်အထိ နမ်းကာ..

"ကောင်းသောညပါ ဗြောရဲ့ ဖေဖေ..."

"ကောင်းသောညပါ ဖေဖေရဲ့ ဗြော.."
.
.
.
.
.
.
ဗြောကို သိပ်ပြီးနောက် မိမိအခန်းထဲ ဝင်လာလိုက်တော့ အခန်းငယ်က တိတ်ဆိတ်စွာ ကြိုဆိုနေ၏။
အိပ်ယာမဝင်မိသေးပဲ ပြတင်းပေါက်ကိုဖွင့်ကာ အပြင်ကိုကြည့်မိတော့ လေအေးအေးက ထယ်ယောင်းမျက်နှာပေါ်ကို ရှပ်ပြေးကာ နှုတ်ဆက်သည်။
ကောင်းကင်မှာ လမင်းမရှိ။သို့ပေမယ့် ကြယ်လေးတွေ ဟိုတစ်စဒီတစ်စ လင်းနေတာကိုငေးကာ ထယ်ယောင်းရဲ့အတွေးတွေမှာလည်း သူ့အကြောင်းကို အစဖော်ကာ တွေးနေမိ၏။

မတွေးချင်ရင်တောင် အတွေးထဲ စိုးမိုးထားတဲ့ သူ့ကို ဘယ်လိုမှ အစားထိုးမရနိုင်ခဲ့ပါ။ပထမဆုံးနဲ့နောက်ဆုံးတွေ့ခဲ့ရတဲ့ သူ့ရဲ့ wolf ကို ထယ်ယောင်း မကြာခနအိမ်မက်ထဲတွေ့ရတက်သည်။
‌အရာအားလုံးက လှပတယ်ထင်ခဲ့ရပေမယ့် တကယ်တမ်းကျ ဒဏ်ရာဒဏ်ချက်တွေနဲ့ အထီးကျန်ခဲ့ရ၏။

မမှီတဲ့ပန်းကို တုံးခုလှမ်းခဲ့လို့ ထင်ပါတယ်။ထယ်ယောင်းကို ကံကြမ္မာကဒဏ်ခတ်ခဲ့တာ...
လမင်း မရှိတဲ့ ကောင်းကင်ဟာ အကျည်းတန်သလိုမျိုး သူမရှိတော့တဲ့ ထယ်ယောင်း ဘဝကလည်း ဦးတည်ရာမဲ့ လှေငယ်ပမာ...
ဒါပေမယ့်လေ ပြန်မလိုချင်တော့ပါဘူး။
သူ့နားမှာ ကျွန်တော် ဆက်ရှိနေရင် အဆင်ပြေတာတွေ တစ်ခုမှဖြစ်လာမှာမဟုတ်ဘူး။

ပြီးတော့ ချစ်ရသလောက် မုန်းပါတယ်။
ကတိတွေကိုမတည်ခဲ့လို့၊လိမ်ညာခဲ့လို့ သူ့ကို မုန်းပါတယ်။

The Alpha Zone (Completed)Where stories live. Discover now