"ဘာလဲဟာ...."

"မင်းအပြစ်တွေမင်းမသိဘူးလား..."

"ဘာလုပ်လို့လဲ "

"ဘာလုပ်လို့လဲ ဟုတ်လား...ငါ့စာကြည့်ခန်းကို ရူပ်ပွသွားအောင်လုပ်တာမင်းမဟုတ်ဘူးလား...."

"အဲ့တာ...အဲ့တာက...အဲ့တာကျန့်ကျန့်မဟုတ်ပါဘူး ဘယ်ကမှန်းမသိတဲ့ နတ်သားလေးကလာလုပ်သွားတာလေ...."

"...."

နတ်သား...လာလုပ်သွားတယ် ဟုတ်ပါတယ်လို့ပြောရင်ဘာဖြစ်မှာမို့လို့လဲ ...။

"မင်းအပြစ်တွေလုပ်ထားတယ်ဆိုတော့ ဒီနေ့ညစာမစားရဘူး"

"ဒါပေမဲ့....ကျန့်ကျန့်က..."

"ဒါအပြစ်ဒဏ်ပဲရှောင်ကျန့်..."

"ဟွန်း...လုပ်ထားတာပိစိလေး အပြစ်ဒဏ်ကအကြီးကြီး.."

"...."

လုပ်ထားတာပိစိလေးတဲ့လား ဂိုထောင်ကိုလည်း မီးရိူ့ပြီးသွားပြီ
စာကြည့်ခန်းကိုလည်း ပွပလဲအောင်လုပ်ပြီးသွားပြီ အဲ့တာကိုပိစိလေးတဲ့လေ ။

"ဘာပဲဖြစ်ဖြစ် ညစာမစားကဘူး ဒါအမိန့်ပဲ...."

"ဟုတ်...ကဲ့..."

*****
ည၁၀နာရီထိုးတော့ ရှောင်ကျန့်မှာဗိုက်ဆာလာတယ် ညနေကမုန့်တွေစားထားလို့ ပြဿနာမရှိပေမဲ့ အခုမုန့်တွေကကုန်သွားပြီ ရှောင်ကျန့်အသာလေးထကာ မြို့အုပ်၀မ်
မျက်နှာပေါ်ကို အသာလေး လက်နဲ့ ‌အပေါ်အောက်ရွှေ့မိတယ် မြို့အုပ်၀မ်အတည်အိပ်နေပြီလားလို့ပေါ့..။

ဘာမှမဖြစ်တာကြောင့်ရှောင်ကျန့်လည်း ထကာတိတ်တိတ်လေးအခန်းထဲကထွက်သွားတော့သည် ရှောင်ကျန့်မသိလိုက်တာက မြို့အုပ်၀မ်မျက်လုံးဖွင့်လာမယ်ဆိုတာ။

မီးဖိုချောင်ထဲမှာ ဘာရှိသလဲလို့လှန်လှောပြီးရှာနေတာက ယုန်လေးတစ်ကောင် ကုတ်ကုတ်နဲ့အလုပ်ကူပ်နေပုံရသည် အိပ်ချိန်
ဖြစ်လို့မည်သူမှနိုးမည်မဟုတ်ပါ  ကျန်ရှိနေသောထမင်းလေးနည်းနည်းကို ကြောင်အိမ်ဗီဒိုထဲမှာတွေ့တယ် ဟင်းတွေလည်းရှိသေးတယ် ရှောင်ကျန့်နယ်ကာ မီးဖိုချောင်မှာပဲ ထိုင်စားနေရသည်။

"စားလို့ကောင်းလား..."

"မြို့အုပ်၀မ်....အဟွတ်...အဟွတ်..."

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now