သို့သော် သူ့အနေနှင့် စရေးထဲက character ပုံဖော်တာကလွဲလျှင် ကျန်တာကို ရှေ့ဆက်၍ မရ ဖြစ်နေသည်မှာ နှစ်ရက်လောက် ရှိနေပြီ ဖြစ်လေသည်။

ထိုအချိန်၌ပင် သူ အသံပိတ်ထားသည့် ဖုန်းမျက်နှာပြင်ဟာ လင်းလာသဖြင့် သူ ဖုန်းကို ယူကာ ကြည့်လိုက်လေတော့ သူ့ သူငယ်ချင်း ဇေရဲ ဆီမှ ဖြစ်နေလေသည်။

*သားရီး ဒီည ငါတို့ ပိုက်ဆံဖြုန်းမလို့ကွ၊ ငါ့ဘဲကြီး နေရာ မှာ ဆုံရအောင်ကွာ * 

ဇေရဲ၏ message ကြောင့် လွှမ်း စိတ်ဝင်စားစွာပင် မျက်ခုံးတစ်ဖက် ပင့်မိလေသည်။ ဇေရဲပြောသည့် ပိုက်ဆံဖြုန်းသည်ဆိုတာ ဘာလဲဆိုတာ သူ‌ကောင်းစွာ သိပါသည်။ ထို့အပြင် သူ့ဝတ္ထု ကုန်ကြမ်းအနေနှင့်လည်း  အသုံးဝင်နိုင်တာမို့ သူ့အတွက်တော့ လုံးဝကို ကွက်တိကျသွားသည်ဟု ဆိုရပေမည်။

သို့သော် သူ Ok ဟု ပြန်မပို့ခင် ရုတ်တရက် ကိုစေ့အား မြင်ယောင်လိုက်မိတာမို့ တစ်ချက်တော့ တွေဝေသွားလေသည်။ ကိုစေဟာ သူတို့ကိုယ်တိုင်က သူတို့ private life ကိုပါ ထိန်းချုပ်ပါဟု တောင်းဆိုခဲ့သော်လည်း သူချမှတ်ထားသည့် စည်းအတိုင်းသာ နေလေ့ရှိသည့် သူဖြစ်ပေသည်။ လုံးဝ စည်းကျော်ပြီး သူတို့ ဘဝကို ချုပ်ချယ်လေ့မရှိပေ။ သို့သော် ကိုစေဟာ မူးရူးပြီး လူတကာနှင့် လိုက်အိပ်တာတို့ ၊ လောင်းကစားလုပ်တာတို့ဆိုလျှင် လုံးဝမကြိုက်ပေ။ ထို့ကြောင့် သူ ကိုစေ့ထံ ခွင့်တောင်းသင့် မတောင်းသင့် တွေဝေနေမိသည်။

ခွင့်တောင်းလိုက်လို့ အကယ်၍ ကိုစေက သွားခွင့်ပြုပါက ကိစ္စမရှိပေမယ့် သွားခွင့်မပြုပါက သူမသွားဘဲလည်း မနေနိုင်လောက်တော့ဘူး ထင်ပါသည်။ အခုချိန် သူ့စိတ်ထဲ သူ့ဝတ္ထုအတွက် ကုန်ကြမ်းရရန်သာ စိတ်ကူးရှိသည်မို့ ရအောင် သွားမှာဖြစ်ပြီး အဲ့အခါမှ အာခံတဲ့ အမှုပါ တိုးသွားစေနိုင်ပေသည်။ ထို့ကြောင့် သူ ဇေရဲထံကိုသာ လာမည်ဖြစ်ကြောင်း စာပြန်ပို့လိုက်ကာ ကိုစေ့ထံကိုတော့ သူ ဒီနေ့ည စာရေးနေမှာမို့ ဖုန်းမပြောဖြစ်တော့ကြောင်း စာပို့ထားလိုက်လေသည်။

ထို့နောက် V shape လည်ပင်းနှင့် T-shirt အနက်ရောင်လေးတစ်ထည်ကို အပေါ်ကနေ Jacket တစ်ထည်ထပ်ကာ ဝတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် အိမ်ကနေ ထွက်လာလိုက်လေသည်။ ထို့နောက် ဂိုထောင်ထဲမှ Porsche အစိမ်းရောင်လေးအား ထုတ်ကာ ဒီနေ့ညအဖို့တော့ သူဟာ သူ ဖန်တီးချင်သည့် character အတိုင်း စီးမြောလိုက်ရန် အသင့်ပေ။

Chilli Pepper Where stories live. Discover now