မကြိုက်သင့်သောတီချယ်🫀 P-31

Start from the beginning
                                    

"ငါကိုဟိုလို့ပြောပါဒီလို့ပြောပါဆိုပြီအမိန့်လာမပေးနဲ့ သေနာကောင်ရဲ့"

"အပြောအဆိုတွေကရင့်လှကြီးလား"

"အခုအချိန်မှာမရင့်ဘဲနဲ့နုနေရမှာလား"

"ဟားဟား မင်းကြိုက်သလို့ပြောပါ အဓိကကကိုယ့်မင်းကိုအပိုင်ရဖို့ပဲလေ"

"မင်းအသက်မင်းပြန်ကြည့်ဦး စာကြိုးစားရမယ့်အရွယ်မဟုတ်လား ဘာလို့အရူးလို့မျိုးငါကိုတမ်းတမ်းဆွဲနေရတာလဲ"

"ချစ်မိသွားလို့...ကိုယ့်ကငယ်ငယ်လေးထဲကလိုချင်ရင်ရအောင်ယူတတ်တယ်!"

"အဲတာအချစ်မဟုတ်ဘူး အတ္တကွ"

"အတ္တပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကိုယ့်မင်းကိုလိုချင်တယ်"

"လိုချင်တယ်ဟုတ်လား...မင်းသိထားရမှာကငါကအရုပ်မဟုတ်ဘူး ခံစားချက်ရှိတဲ့သက်ရှိ"

"အဲတာတွေနားမလည်ဘူးကွာ"

"နားလည်ရမယ် ခွေးသားရဲ့...နောက်ပြီငါမှာချစ်ရမဲ့သူရှိပြီသား အဲတာဒေါ်မာနငယ် မသေမချင်းမှတ်ထား"

"မင်းပြောနေတာတုတ်နဲ့အရိုက်ခံလိုက်ရတဲ့တစ်ယောက်မလား ဟက်! ပျော့ညံ့လွန်းတဲ့မိန်းမပဲ....မင်းသိလား အဲမိန်းမကိုလေ လူလွှတ်ပြီသတ်ခိုင်းခဲ့ဖူးတယ် ဒါပေမဲ့ကိုယ့်လူတွေအကုန်ခံခဲ့ရတယ်တဲ့ အခုကြတော့တုတ်လေးနဲ့တစ်ချက်ရိုက်လိုက်တာမေ့လဲသွားလေရဲ့"

"ဘာကွ မင်းအဲတာအပြင်ဘာတွေလုပ်ခဲ့သေးလဲ"


"အဲမိန်းမကိုသတ်ခိုင်းတာရယ် မင်းတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုဖော်ထုတ်တာရယ်ကလွဲပြီဘာမှမလုပ်ရပါဘူး "

"အော် တော်တော်ယုတ်မာတာပဲ"

"ဟုတ်တယ် ကိုယ့်ကယုတ်မာတယ် အဲတော့ယုတ်မာတဲ့လူတွေရဲ့အကျင့်အတိုင်းကောက်ကျစ်တဲ့နည်းလမ်းကိုကိုယ့်ထုတ်သုံးရမှာပဲ ဟားဟား"

အရူးတစ်ယောက်လို့အော်ရီနေတဲ့သွန်းပြည့်ခင်ကိုကြည့်ပြီနွေးစိတ်ပျက်လာသည်။


"အင်း...ဒါပေမဲ့မင်းကငယ်ပါသေးတယ် မိန်းကလေးရဲ့"

ထိုအသံမှာငယ်အသံဖြစ်သည်။အောင်နိုင်သူတစ်ယောက်ရဲ့အပြုံးကိုဖန်တီးကာထိုစကားကိုပြောလိုက်သည်။

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now