"အင်း.."
ယန်လီက
"ဒါဆို ဆရာဝန်ပြရမှာမဟုတ်လား? ရိပေါ် ကျန့်ကျန့်လေးကို လုပ်ဦး"
"ငါက ဘာလုပ်ရမှာလဲ? ငါကဆရာဝန်မှမဟုတ်ပဲ"
"အဲ့လိုမဟုတ်ဘူးလေ ဆရာဝန်ပြဖို့ပြောတာ"
"နင်တို့ ဆရာဝန်ခေါ်လိုက်ပေါ့"
"ဟဲ့ အိမ်ရှင်ကနင်လေ"
"....."
ရိပေါ်က ဘာမှမပြောတာကြောင့် ကျန်းချန်က
"ကဲကဲ ငါပဲ ခေါ်လိုက်မယ် စကားတွေများမနေကြနဲ့တော့"
................................................................................
ဆရာဝန်ရောက်လာကာ ရှောင်းကျန့်ကို စမ်းသပ်ပေးနေသည် ။ ယန်လီနဲ့ကျန်းချန်က ရှောင်းကျန့်အခန်းထဲမှာရှိနေပေမယ့် ရိပေါ်ကတော့ အခန်းအပြင်မှာ မတ်တပ်ရပ်နေသည် ။ ဆရာဝန်က ရှောင်းကျန့်ကို
"အခုဘလိုနေသေးလဲကောင်လေး"
"ဟို....အ အဆင်ပြေပါတယ်ဆရာ....ကျွန်တော်ဘာမှမဖြစ်ပါဘူး"
"ဒါပေမယ့် မင်းပုံစံက ဖျော့တော့တော့နဲ့ ဆရာမင်းကို အားဆေးပေးခဲ့မယ် မနက်ညသောက်ပေး ဟုတ်လား"
"ဟုတ်ကဲ့ဆရာ"
ယန်လီ ရှောင်းကျန့်ကို သေချာစူးစမ်းကာကြည့်နေသည် ။ ဆရာဝန်ဆေးတွေပေးပြီး အခန်းထဲမှ ထွက်သွားမှ အနားသို့သွားကာ
"ကျန့်ကျန့်လေး"
"ဗျာ ကျဲ"
"သ-က်သာရဲ့လား ဆရာဝန်ကိုညာပြောနေတာတော့မဟုတ်ဘူးမလား?"
"မ မဟုတ်ပါဘူးကျဲကျဲ ကျွန်တော်....တကယ်နေလို့ကောင်းပါတယ်"
"အင်းပါအင်းပါ ကောင်းတယ်ဆိုလည်း ပြီးတာပါပဲ ကျဲက ကျန့်ကျန့်လေးကိုစိတ်ပူလို့ပါ"
"ကျွန်တော်သိပါတယ်ကျဲ ကျွန်တော့်ကိုစိတ်ပူပေးလို့ ကောနဲ့ကျဲနဲ့ နောက်ပြီး.....ကိုကို့ကို ကျေးဇူးတင်ပါတယ်"
"ရပါကွယ်ကျန့်ကျန့်ကလည်း"
အခန်းအပြင်မှာ ရပ်နေသောရိပေါ် ဆရာဝန်ထွက်လာတော့ မေးလိုက်သည်
YOU ARE READING
🌸Mud (နှံ)🌸 [Complete]
Fanfiction❄️ရှေ့နေကျောင်းသားလေးရှောင်းကျန့်ဟာ အချစ်ကိုအယုံအကြည်မရှိဘူး ဘဝကိုပျော်ပျော်သာဖြတ်သန်းပြီး နှလုံးသားကခံစားချက်မဲ့နေခဲ့တယ် တစ်နေ့တော့ အသစ်ရောက်လာတဲ့ကျောင်းဆရာလေးဝမ်ရိပေါ်ကိုတွေ့ပြီးသဘောကျခဲ့တယ် play boyလေးရှောင်းကျန့်ကို ရိပေါ်မကြိုက်ပေမယ့် သူမသိလိုက...
🥀🔞Part-10🔞🥀
Start from the beginning