3(Unicode)

125 3 2
                                    

ကိုကိုမောင်တစ်ယောက် ရန်ကုန်မြို့လယ်ခေါင်တွင် တစ်ယောက်တည်း ထီးထီးကြီးရပ်နေလေသည်။

ရန်ကုန်မြို့ပြကြီးမှာ သူနှင့်လုံးဝရင်းနှီးနေသည်မဟုတ်ပေ။

ခဏအကြာတွင်သူရပ်နေရာအနီးသို့ ကားတစ်စီးဆိုက်ရောက်လာသည်။

"ငါ့ညီ ဘယ်သွားမလို့လဲ..တက်လေ"

တက္ကစီသမားက ကိုကိုမောင့်ကို ‌လက်ယက်၍ ခေါ်လိုက်လေသည်။

ကိုကိုမောင်ကလည်း နွေနှောင်းရေးခဲ့သော စာထဲမှ လိပ်စာသက်သက်ရေးကူးထားသည့် စာရွက်ကို တက္ကစီသမားအား ပြလိုက်လေသည်။

"ဪ...သိပ်မဝေးတော့ပါဘူး..၁၀၀ပဲပေး.."

ကိုကိုမောင် ပြုံးလိုက်ကာ ခေါင်းညိတ်လိုက်ပြီး ကားပေါ်တက်လိုက်သည်။

ရှုပ်ထွေးလှသော လမ်းမကြီးနှင့် ပုံစံအမျိုးမျိုးအထွေထွေရှိနေသော ရန်ကုန်မြို့ပြအလယ်မှ လူများကို ကြည့်ရင်း ကိုကိုမောင် အထူးတဆန်း လိုက်လံကြည့်ရှုနေသည်။

ကျွီ!!!!

ကိုကိုမောင် ငှားစီးလာသောကား ဘက္ထရီဝပ်သွားခြင်းဖြစ်သည်။

"ငါ့ညီ ခဏနော်...အကို မနက်က ကားမစစ်ခဲ့ရလို့
ခဏလောက်ပဲစောင့်နော်."

တက္ကစီသမားမှ တောင်းပန်ကာ ပြောလိုက်သည်။

ရန်ကုန်မြို့မှ လမ်းများမှာ သည်လမ်း ကတ္တရာဆိုလျှင် နောက်လမ်းမှာ မြေလမ်းများဖြစ်၍ ကွက်တိကွက်ကျားလမ်းများဖြစ်သည်။

ကိုကိုမောင် မရောက်ခင်ညက မုန်တိုင်းဝင်ထား၍ မိုးသည်းထန်စွာရွာပြီး ကတ္တရာလမ်းများမှာ ဘာမျှမဖြစ်သော်လည်း မြေလမ်းများမှာ ဗွက်ထနေပေသည်။

တက္ကစီသမား ကားအဖုံးဖွင့်၍ စစ်နေသည်ကို ကိုကိုမောင် ကြည့်နေခိုက်

ဗွမ်း..!!!!

ကိုကိုမောင်ရော ကားသမားကိုပါ ‌ဗွက်အိုင်ထဲမှ ဗွက်ရေများရော ဗွက်များပါ လာစင်ခြင်းဖြစ်သည်။

ဘေးမှအလောတကြီး အလျှင်အမြန်မောင်းနှင်သွားသောကားမှာ သူတို့၏အရှေ့ မလှမ်းမကမ်းတွင် ရပ်လိုက်လေသည်။

အိုဘယ့်...ရွှေညာမြေ (Ongoing)Where stories live. Discover now