"ဘယ်လို"

သူပြောလိုက်တဲ့စကားကြောင့်သူအားရှုတ်ထွေးတဲ့အကြည့်တွေနဲ့ ကြည့်လာတဲ့ယုန်လေးကြောင့်

"ဒီလိုလေလူတိုင်းမှာ ideal type ရှိတယ်လေ အဲ့လိုကနေလည်းသဘောကျပြီး ချစ်သွားတာတွေလည်းရှိပေမယ့် တစ်ချို့ကျ ဒီလူကိုတော့ ငါတော့မချစ်မိနိုင်ပါဘူးလေလို့ တွေးထားတဲ့ကြားကနေ ချစ်မိသွားတာတွေလည်း ရှိတယ်"

"အော်"

"အင်းတစ်ချို့ဆို အနားမှာရှိနေတုန်းအချစ်ဆိုတာကို သတိမထားမိကြဘူး ဝေးသွားမှ အာ ဒီလူကငါ့အတွက်မရှိလို့မဖြစ်ပါလားဆိုပြီး သိသွားတာမျိုးပေါ့"

သူDoyoung အားသေချာရှင်းပြနေချိန် သူ့အား မယုံသလိုအကြည့်တွေနဲ့ ကြည့်လာတဲ့ Doyoung ကြောင့်

"ဘာတုန်း အဲ့အကြည့်က"

"ရည်းစားထားဖူးတာလား အချစ်အကြောင်းအဲ့လောက်သိနေတာ ဘယ်နှစ်ယောက်တောင်လဲ ထားဖူးတာ"

"ဟမ် မထားဖူးပါဘူးတစ်ခါမှ ဒီအတိုင်းစာအုပ်တွေဖတ်ရင်းနဲ့သိတာ"

"အော်"

"မင်းကကော ဘာလို့ရုတ်တရက်ကြီးအချစ်အကြောင်းတွေမေးနေတာလဲ သဘောကျတဲ့သူတွေ့နေလို့လား"

Jaehyun သူ ဒိုယောင်းရင်ထဲဘာတွေရှိနေလဲသိချင်တာကြောင့် မေးခွန်းထုတ်လိုက်တော့ သူ့အားပြုံးကာကြည့်ပြီး

"အင်း..ရှိတယ် တစ်ယောက်စိတ်ဝင်စားတဲ့သူ သဘောကျလားမကျလားတော့ သေချာမသိပေမယ့် ဒီအတိုင်း ဒိီလူအကြောင်းသိချင်တယ်ဆိုပြီး.... အဲ့လို"

Doyoung ပြန်ဖြေလိုက်တဲ့စကားကြောင့် Jaehyun ရင်ထဲ ပြာပြာသလဲဖြစ်သွားပြီး

"ဘယ်သူလဲ အယ်...ဘယ်လိုပုံစံလဲ"

အကယ်၍ Doyoung သာသူနဲ့ခံစားချက်တစ်ထပ်တည်းကျနေတယ်ဆိုရင် ဘယ်သူလဲလို့ သူမမေးချင်ပါ ဘာလို့ဆို ဒီဆက်ဆံရေးမှာ အရင်ဆုံးရင်ခုန်ခဲ့ရတဲ့သူက သူမှတ်လား အဲ့တော့ ဖွင့်ပြောရင်လည်း သူပဲအရင်ဖွင့်ပြောချင်ပါသည်

Jaehyun မေးလိုက်တော့ Doyoung သူ့ဘက်လှည့်လာပြီး သူ့ပါးချိုင့်လေးတွေအား သေချာကြည့်၍

"ဘယ်လိုပုံစံလဲဆို.... အင်းသူ့မှာပါးချိုင့်လေးတွေရှိတယ် ပြီးတော့ နှာတံစင်းစင်းလေးနဲ့ ရယ်လိုက်ရင် ကလေးမျက်နှာလေးလိုချစ်ဖို့ကောင်းပြီးတချိန်တည်းမှာ ချောလည်းချောတယ်"

Doyoung ပြောလိုက်တဲ့စကားသံအဆုံးမှာ သူ့ရင်ခုန်သံတွေက ပုံမှန်မဟုတ်တော့ သူဘာဆက်ပြောရမှန်းမသိဖြစ်နေတဲ့ချိန် Doyoung က

"စားလေ ပွကုန်တော့မယ် ပြီးရင်ငါတို့ တစ်ပတ်ထပ်စီးပြီး ပြန်ကြတော့ပေါ့"

"အော်....အင်း"

သူစားနေရင်း Doyoung မျက်နှာအားအကဲခတ်စွာကြည့်နေပေမယ့် အဆုံးထိသူ
ခန့်မှန်းလို့မရခဲ့

xxxxxxxxxxxx

Jaehyun အိမ်ပြန်ရောက်ပြီဆိုတာနဲ့ သူ့အဖွားဆီပြေးသွားကာ သူ့ပါးချိုင့်လေးတွေပေါ်အောင်ရယ်ပြလိုက်ရင်း

"အဖွားသားဘယ်လိုနေလဲ"

"ဘာကိုတုန်း ရုတ်တရက်ကြီးလာရယ်ပြနေတာ"

"သေချာကြည့်ပါ သားရုပ် သားပြုံးလိုက်ရင်ဘယ်လိုနေလဲ"

"ကြည့်ကောင်းတယ်လေ ငါ့မြေးကချောပြီးသား အချောဆုံးပဲ"

"မဟုတ်..ချောတာသိတယ် သားသိချင်တာ ချစ်ဖို့ကောင်းလား"

"သားကချစ်ဖို့ကောင်းပြီးသားလေ"

"မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး သားဆိုလိုတာ ကလေးရုပ်​လေးလိုချစ်ဖို့ကောင်းလား"

"ဟမ်..အဲ့တာတော့အဖွားလည်းမပြောတတ်တော့ဘူး"

Jaehyun သူ့အဖွားအဖြေကြောင့် မကျေနပ်စွာနဲ့သူ့အခန်းထဲဝင်သွားပြီး မှန်ရှေ့ပြေးကြည့်ကာ ပုံစံအမျိုးမျိုးနဲ့ရယ်လိုက် ပြုံးလိုက် တစ်ယောက်တည်းအလုပ်ရှုတ်နေကာ ခဏအကြာမှ သူဘာလုပ်နေလဲ သူ့ကိုယ်သူသတိထားမိပြီး

"အား..Kim Doyoung ငါ့ကိုအလုပ်လာပေးသွားတယ်"

အဲ့နောက် သူ Tokki အညိုအရုပ်လေးအားကောက်ကိုင်လိုက်ပြီး

"အဲ့တော့မင်းပြော ငါဟုတ်တာလား မဟုတ်တာလား"

"အဲ့တော့မင်းပြော ငါဟုတ်တာလား မဟုတ်တာလား"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

_______________________________________

Falling For U (JaeDo)Where stories live. Discover now