ဘာဒါ ရေချိုးခန်းကထွက်တော့ မျက်နှာရှေ့ဖျတ်ခနဲကျလာတဲ့ အရိပ်ကြောင့် ရှောင်လိုက်တယ်။ ကြည့်လိုက်တော့ ဆိုယွန်း..။
သူ့ရိုက်ချက်လွဲသွားတော့ ဆိုယွန်းက နောက်တကြိမ်ထပ်ရွယ်တယ်။ မျက်စိစုံမှိတ်ပြီး လုပ်နေတဲ့ကလေးမကို လက်ကောက်ဝတ်က ဖမ်းဆုပ်လိုက်ပြီး ပန်းအိုးကိုဆွဲလုလိုက်တယ်။
''ဆိုယွန်း..''
''ဟင်..''
သူ့အသံကြားတော့ မော့ကြည့်တယ်။
တကိုယ်လုံးတုန်နေတဲ့ ဆိုယွန်းမျက်လုံးတွေက သူ့ကိုမြင်ပြီး အံ့သြသွားတယ်။ ပြီးတော့ ဝမ်းသာတဲ့အရိပ်လေးဖြတ်ပြေးပြီးတော့ ဝမ်းနည်းရိပ်လေးပေါ်ပြီးတော့ သူ့ရင်ခွင်ထဲဝင်ပြီးဖက်တယ်။ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေတာကြောင့် သူ့ကိုယ်ပေါ်ကတဆင့် ခါးက ရေချိုးတဘက်ပါဆို စိုရွှဲနေတယ်။ ဆိုယွန်းခေါင်းလေးပေါ် မေးတင်ထားပြီး အသာအယာပြန်ဖက်ထားမိတယ်။
''ကိုယ်ရှိတယ်နော် ဘာမှမဖြစ်ဘူး''
(အဲဒီကိုယ်ကြောင့်ပဲ ကိုယ်လက်တွေနာနေတာမလား🙄😁)
ဆိုယွန်းကို ပွေ့ချီလိုက်ပြီး ဆိုဖာပေါ်ချပေးလိုက်တယ်။
''ရေတွေစိုနေလို့ ခဏ''
ပြောပြီး ထရပ်လိုက်တော့
ဆိုယွန်းက သူ့လက်ကိုဆွဲထားတယ်။ ပြုံးပြီးနဖူးလေးကိုငုံ့နမ်းလိုက်တယ်။
''အိမ်ပြန်ရအောင် ကိုယ်ဒီနေ့အလုပ်မသွားဘူး''

ကုတင်ခြေရင်းက စိုရွှဲတွန့်ကျေနေတဲ့ အိပ်ရာခင်းကိုကြည့်ပြီး ဆိုယွန်းမျက်နှာလေးရဲသွားတယ်။ ခုနက အတင်းဖက်တာသူမဟုတ်တဲ့အတိုင်း ဘာဒါမျက်နှာကိုမော့မကြည့်တော့ဘူး..။

နှစ်ယောက်သား အောက်ဆင်းပြီး Receptionမှာ သော့အပ်တော့ ကောင်တာကဝန်ထမ်းလေးတွေက
''အဆင်ပြေကြရဲ့လားရှင့်''
''သြော် ဟုတ် ကျေးဇူးပါ''
သူတို့က ဘာမေးလဲမသိပေမယ့် ကိုယ်ကကိုယ့်အကြောင်းနဲ့ကိုယ် မျက်နှာပူနေမိတယ်။ မနေ့က ဝန်ထမ်းတွေလည်းမြင်သွားတာမလား။

ကားပေါ်မှာလည်း ဘာစကားမှမပြောဖြစ်။ ငြိမ်နေတဲ့ဆိုယွန်းကိုခဏခဏလှမ်းကြည့်ရင်း ဆေးဆိုင်မှာ ခဏရပ်ပြီး ဆေးဝယ်ရတယ်။ တကိုယ်လုံးနာနေမှာ ပြီးတော့ ယောင်လည်းယောင်နေတယ်လေ (ယောင်နေပြီးသားကို ထပ်ကြမ်းထားတော့ ဒီလောက်မညည်းပဲနေနိုင်တာကံကောင်းပဲ)

ချစ်မိသော ပင်လယ် Where stories live. Discover now