ထို့နောက် မကြာလိုက် အပြင်က တံခါးဖွင့်သံနှင့်အတူ အခန်းထဲသို့ ဝင်လာသည့် Ben အား တွေ့လိုက်ရလေသည်။

*စောသားပဲ ဒီနေ့ *

လွှမ်း မေးလိုက်တော့ Ben ဟာ သူ၏ ဖိနပ်ကော ၊ ခြေအိတ်ကောကိုပါ သေသပ်စွာ ချွတ်ကာ သူ့အား ပြန်ဖြေလာလေသည်။

*ဒီနေ့ရောက်ဖို့ပဲ စောင့်နေရတာကို နောက်ကျရဦးမှာလားကွ*

ထို့နောက် ဖိနပ်ကော၊ ခြေအိတ်ရောကိုပါ သေသပ်စွာ ဖိနပ်စင်၏ အောက်ဆုံးထပ်၌ ထားလိုက်လေသည်။

သူတို့နှစ်ယောက်စလုံးဟာ play သည့် နေ့တိုင်းတွင် ကိုစေ၏ စေလိုရာစေနိုင်သည့်   ကောင်လေးများသာဖြစ်ပေသည်။ ထို့ကြောင့် သူတို့ဟာ ဤ အခန်းတွင်း၌ ခြေအိတ်တောင် ဝတ်ခွင့်မရှိ၊ ခြေဗလာလေးတွေနှင့်သာ နေခွင့်ပေးလေသည်။

*ကိုကိုက နှစ်ယောက်လုံးကို play room ထဲမှာ စောင့်နေပါတဲ့  *

Ben ၏ စကားကြောင့် လွှမ်း အသာခေါင်းငြိမ့်ပြလိုက်ကာ နှစ်ယောက်သား ကွန်ဒို ဒုတိယထပ်သို့ တက်သွားလိုက်လေသည်။ ထို့နောက် အိပ်ခန်း နှစ်ခန်းကို ဖြတ်သန်းပြီးသည့်အခါ နံရံပေါ်၌ တင့်တယ်စွာ ချိတ်ဆွဲထားသော ပန်းချီကားကြီး တစ်ချပ်ရှေ့၌ ရပ်လိုက်လေသည်။ ထို့နောက် ထိုပန်းချီကား၏ ရွှေရောင်ဘောင် အောက်ဘက်နားရှိ အလွတ်ရနေပြီဖြစ်သော နေရာမှ ခလုတ်လေးကို နှိပ်လိုက်သည့်အခါ ရုတ်တရက် နံရံကြီးဟာ နှစ်ခြမ်းပွင့်လာလေတော့သည်။

ထိုအခါ ပွင့်လာသော နံရံ၏ နောက်၌ ကျယ်ဝန်းသည့် အခန်းတစ်ခုဟာ ပေါ်ထွက်လာလေတော့သည်။ သူတို့နှစ်ဦးသားလုံးဟာ ဤအခန်းနှင့် လွန်စွာ အသားကျနေပြီ ဖြစ်တာမို့ ထူးထွေကာ အံ့ဩမနေတော့ပေ။ အခန်းထဲကိုသာ တန်းပြီး ဝင်လာလိုက်လေတော့သည်။

ထိုအခါ ကျယ်ဝန်းလှသည့် အခန်းတစ်ခုလုံးအား အဝါရောင် မီးရောင်လေးသာ ဖျော့ဖျော့လေး ထွန်းလင်းထားလေသည်။ သို့သော် အေးဆေးကာ တည်ငြိမ်သည့် ပတ်ဝန်းကျင်အနေအထား၊ အလင်းအ‌မှောင်အနေအထား နှင့်မှမလိုက် အခန်းတွင်း၌ တပ်ဆင်ထားသည့် ပစ္စည်းများဟာ လိင်စိတ်ကို တက်ကြွစေသော ၊ လူကြီးကစားစရာ  ပစ္စည်းများပင် ဖြစ်လေသည်။

Chilli Pepper Where stories live. Discover now