ဆိုယွန်းအလုပ်ကတယောက်ဖုန်းကိုဆက်လိုက်တယ်။

''ဟယ်လို''
''ဟုတ်ကဲ့ ဆိုယွန်းအိမ်ကဆက်တာပါ ဆိုယွန်းကဖုန်းပိတ်ထားလို့လေ ရုံးမဆင်းသေးတာလား ''
''​သြော် ဟုတ် ရုံးဆင်းပြီရှင့် ညီမအိမ်တောင်ရောက်နေပြီ ဆိုယွန်းလည်း ပြန်ပြီ''
''ဟို အိမ်လည်းမရောက်သေးလို့''
''ဟုတ် လူတစ်ယောက်လာကြိုတာတွေ့လိုက်တယ်.. အိမ်ကလာကြိုတယ်ထင်လို့''
တောက်!
ဟန်ထယ်ဂျွန်းပဲဖြစ်ရမယ်။
''ဟုတ် ဟုတ် ကျေးဇူးပါ''
ဘယ်တွေသွားနေတာလဲ။ ဖုန်းကရော ဘာလို့ပိတ်ထားတာလဲ?? စိတ်ပူလွန်းလို့ ဘာဒါဧည့်ခန်းထဲခေါက်တုန့်ခေါက်ပြန်လျှောက်နေမိတယ်။ ဒီအတိုင်းဆို ဆိုယွန်းက ဟန်ထယ်ဂျွန်းကိုသဘောမကျတာသေချာတယ်လေ။ သူ့ကိုရွဲ့ပြီးများ တခုခုလုပ်လိုက်မလား.. သကောင့်သားကလည်း အခွင့်အရေးကိုစောင့်နေလေတော့..။
ထိုစဥ် Lusherဆီက ဖုန်းဝင်လာတယ်။ BEBEက ကလေးတွေသူမပါတဲ့ တွေ့နေကြတယ်။ သူကစိတ်မကြည့်လို့စောစောပြန်ခဲ့တာ။ စိတ်အဆင်မပြေဖြစ်နေလို့ ဖုန်းမပြောချင်ပေမယ့် ကိုင်လိုက်တယ်။
''အင်း ကလေးတို့ ကောင်းကောင်းပျော်နေကြရဲ့လား''
''yel!''
ဝိုင်းအော်ကြတယ်။
Lusherက ဝေးဝေးလေးသွားပြီး ခပ်တိုးတိုးပြောတယ်။
''ssaemမေးစရာရှိလို့''
''အင်း ပြော''
''ssaemမိန်းမအိမ်မှာလား''
ဘာဒါခေါင်းထဲတစ်ချက်လက်သွားတယ်။
သူတို့ဆိုယွန်းကိုတွေ့ပီထင်တယ်။
''ပြော ဘယ်မှာတွေ့လို့လဲ''
''ဒီမှာ ညီမတို့စားတဲ့hotelမှာ ဟို ယောင်္ကျားတယောက်နဲ့''
''ဘယ်ဟိုတယ်လဲ နေ့လည်ကပြောတဲ့ဟိုတယ်ပဲလား''
''ဟုတ် နှစ်ယောက်ဖက်ပြီး Reception မှာအခန်းသော့ယူတာတွေ့လိုက်လို့လေ အဲဒါ ''
''ok သိပြီ''

ဘာဒါကားသော့ယူပြီး အပြေးဆင်းခဲ့တယ်။ တခုခုမှားနေပြီဆိုတာလည်းသိလိုက်တယ်။ ဆိုယွန်းပစ်ထားတဲ့ပစ္စည်းတွေကိုမတွေ့ထားရင် နှစ်ဦးနှစ်ဖက်သဘောကျလို့လို့ထင်မိမလားတော့မပြောတတ်ပေမယ့် အဲဒီပစ္စည်းတွေကိုမြင်ပြီးသွားတော့ သိလိုက်တာက ဆိုယွန်းက သူကလွဲပြီး ဘယ်သူ့ကိုမှမချစ်နိုင်ပါ။
ကားကိုဘယ်လိုနှုန်းနဲ့မောင်းခဲ့လည်းတောင်မသိတော့ပဲ အဲဒီHotelကိုရောက်လာတယ်။ ရောက်တော့ Receptionမှာ Lusherကိုတွေ့တယ်။
''ssaem ညီမ ပြောကြည့်နေတာ သော့ပေးလို့မရဘူးပဲပြောနေတယ်''
''ရတယ် ssaemပြောမယ်''

ချစ်မိသော ပင်လယ် Where stories live. Discover now