လွန်ခဲ့အချိန်သုံးနာရီလောက်က.....

"မောင်လိမ်စရာလား အသက်ဘာတွေသိထားလဲ မောင့်ကိုပြောပါအုံး"

"မင်းထားခဲ့လို့ငါမိုးရေထဲလဲကျတော့ ဗိုက်ကတစစ်စစ်နာကျင်လာကာ ငါ့ကိုညမသူဇာနဲ့ဦးလေးတို့ကဆေးရုံကိုပို့ခဲ့ကြတယ် ငါသမီးလေးကိုအားတင်းပြီးမရရအောင်မွေးခဲ့တယ် သမီးလေးငိုသံကြားမှ ငါစိတ်တွေလျော့လိုက်ကာ အိပ်ပျော်သွားပြီးဘားမှမသိတော့ဘူး"

"ငါပြန်နိုးလာတော့ ငါ့ဘေးမှာပါးပါးပဲရှိတယ် ငါမင်းကိုမေးခဲ့တယ် ပါးပါးကသူကလွဲပြီးဘယ်သူမှမရှိဘူးတဲ့ နောက်ဆုံးသမီးလေးကမွေးမွေးပြီးချင်းဆုံးသွားတယ်လို့ပြောတော့ ငါရူးမတက်ပဲ ငါမင်းလိုချင်တဲ့သမီးလေးကိုမွေးမပေးနိုင်ခဲ့ဘူး ငါ့ကြောင့်မင်းသမီးလေးသေသွားတော့ငါ့ကိုမုန်းနေမှာပေါ့ နောက်တော့ပါးပါးကရန်ကုန်ကိုခေါ်သွားခဲ့တယ် ရန်ကုန်ရောက်တော့ ဦးရှန်းကငါ့အဖေကိုယူထားပြီးအိမ်ပေါ်တက်နေနေတယ် နောက်တော့ငါ့ကိုမင်းနဲ့ညမသူဇာဖိတ်စာကိုငါ့ကိုလာပြီး မင်းကသစ္စာမရှိဘူးသူ့ကိုလက်ထပ်ဆိုပြီး အတင်းအနိုင်ကျင့်ခဲ့တာ ပါးပါးရောက်လာပြီးကူညီခဲ့လို့အဲ့လူယုတ်မာနဲ့ဝေးရာကိုငါထွက်သွားဖို့တွေးပြီး USမှာကျောင်းပြန်တက်ပြီး အလုပ်လုပ်ခဲ့တာ အခုထိပဲ"

အသက်ကအကြောင်းအရာတွေပြောပြရင်း မျက်ရည်တွေကျလို့လာကာ ကမ်ဘာအသက်ကိုယ်လေးကိုရင်ခွင်ထဲသွင်းကာဖက်ထားလိုက်တော့တယ်။

အသက်လဲအများကြီးပင်ပန်းခဲ့မှာပဲ အသက်ပင်ပန်းတဲ့ချိန်သူအနားမှာမရှိပေးနိုင်လို့ ကမ်ဘာစိတ်မကောင်းဖြစ်နေခဲ့တယ် သူ့အနားမှာစိတ်ဖြေစရာသမီးလေးရှိပင်မဲ့ အသက်မှာတော့ တစ်ယောက်ထဲဖစ်ကာ ဘယ်လောက်တောင်ခံစားနေရမလဲ။

"အရမ်းပင်ပန်းခဲ့မှာပေါ့ မောင့်အသက်ရယ် အသက်သိခဲ့တာတွေကအကုန်အမှားတွေကြီးပဲ......"

ကမ်ဘာအသက်မျက်ရည်တွေကိုသုတ်ပေးနေရင်းအမှန်တရားအကုန်လုံးကိုပြောပြခဲ့ရာ အသက်ကပိုပိုမျက်ရည်ကျလို့လာပါတော့တယ်။

"ဒါ ဒါဆို ငါ့သမီးက...."

"အင်း မောင်တို့သမီးပဲ "

 bodyguard and baby bossМесто, где живут истории. Откройте их для себя