" တခုခုဆိုနည်းနည်းပါးပါး...."

ပြွတ်

Taehyung ဟာ စကားများနေတဲ့ Jungkook ရဲ့ ပါးပြင်လေးကို ခြေဖျားလေးထောက်လို့ အနမ်းပေးလိုက်ချိန်မှာတော့ CEO Jeon တယောက် ခြေတွေတောင်မခိုင်နိုင်တော့ အပြုံးကြီးကကျေနပ်နေသည်..

ထိုအချိန် Toilet ဘက် လူလာတဲ့ ခြေသံကြားတော့ Taehyung မှာ အပျော်လွန်တဲ့ Jungkook ရဲ့ လက်ကိုဆွဲကာ အိမ်သာခန်းတခုထဲသို့ ဝင်ပုန်းလိုက်ရသည်.

" Tae "

" ရှုး "

" ဟေ့ရောင်မင်းသိလား CEO Jeon မှာ ချစ်သူရှိနေတယ်လို့ပြောသံကြားတယ် "

" ဘာလည်း ငယ်သူငယ်ချင်းဆိုတဲ့တယောက်လား "

ထိုစကားသံကြောင့် Taehyung ရဲ့ မျက်နှာလေး ပျက်လို့သွားသည်..ဒါကိုသိတဲ့ Jungkook ဟာ Taehyung ရဲ့နားနှစ်ဖက်ကိုလက်ဖြင့်အုပ်လိုက်ကာ.ခေါင်းလေးကိုမော့စေပြီး..

" နားမထောင်နဲ့ ငါချစ်တာမင်းတယောက်ထဲ
Tae "

Jungkook ဟာ Taehyung ရဲ့ နှုတ်ခမ်းလေးကို အကြင်နာအနမ်းလေးတယုတယပေးလိုက်သည်..

Taehyung ကလည်း Jungkook ရဲ့ အကျီစလေးနှစ်ဖက်ကိုဆုတ်ကိုင်ကာ အကြင်နာအနမ်းတွေကို တယုတယတုန့်ပြန်လိုက်သည် ..

အနမ်းတွေကြားစီမျောလိုက်တာ အပြင်ကလူဘယ်ချိန်ပြန်သွားမှန်းမသိ အိပ်ကပ်ထဲက ဖုန်းမြည်လာမှသာ နှစ်ဦးသားအနမ်းတို့ကို ရပ်မိတော့သည်.

" Hyung Toilet သွားတာကြာလိုက်တာ ဒီမှာ အစည်းအဝေးစတော့မယ် "

" အင်းလာပြီ "

" ကိုကို Tae အရင်သွားမယ်နော် ပြီးတော့ စိတ်မဆိုးတော့နဲ့နော် ညနေ ဆေးရုံသွားမယ်နော် ပြီးတော့.... ချစ်တယ်"

အိမ်သာခန်းထဲကနေ အပြင်လူရှိမရှိစစ်ကာ ပြေးထွက်သွားတဲ့ Taehyung.. Jungkook မှာတော့ အိမ်သာပေါ်ထိုင်ကာ သတိလက်လွတ်ကျန်ခဲ့တော့သည်..

....🐰🐯

Taehyung သူအလုပ်စားပွဲစီပြန်ရောက်လာတော့ သူ့ကွန်ပျူတာမှာ ထိုးလို့ထားခဲ့တဲ့ စတစ်က ပုံစံတူနေပေမယ့် ထိုစတစ်မှာက သူ့အမှတ်သားမရှိ.. Taehyung တချက်ပြုံးလိုက်ပြီး ဖိုင်တွဲတွေယူကာ အစည်းအဝေးခန်းမသို့ ထွက်လာခဲ့ကြသည်..

Impersonator Lover (complete) On viuen les histories. Descobreix ara