မကြိုက်သင့်သောတီချယ်🫀 P-30

Começar do início
                                    

"အော် တော်တော်ကောင်းတဲ့သူငယ်ချင်းတွေပဲ အဲတာတွေထား...နွေးကပြန်လာမှာအုံးလား"
(သံစဉ်)

သံစဉ်အပြောကြောင့်အားလုံးငြိမ်သက်သွားကြလေသည်။အကယ်၍နွေးသာပြန်မလာရင်ဒီအဖွဲ့လေးဟာပြိုပျက်သွားနိုင်သည်။နွေးသည်အေးဆေးနေတတ်ပေမဲ့အဖွဲ့ထဲကလူတွေ၀မ်းနည်းနေလို့ရင်ဖွင့်ချင်ရင်နားထောင်ပေးတတ်ပြီနှုတ်လည်းလုံသည်။အဲလို့အဖိုးတန်တဲ့သူငယ်ချင်းလေးကိုမဆုံးရှုံးချင်ကြပါ။

"ပြန်လာမှာပါ ငါတို့ကိုသူထားခဲ့စရာအကြောင်းမှမရှိတာ"
(ပျို)

"အဲလို့ပဲဖြစ်မှာပါလေ နော်"
(နှင်း)

"အေးပါ သူကျောင်းပျက်တုန်းကစာတွေကူးပေးထားကြမလား"
(လမင်း)

"အကြံလေးမဆိုးဘူး ကူးပေးကြတာပေါ့"
(သံစဉ်)

ဒီလို့နဲ့၄ယောက်သားနွေးရဲ့ကျောင်းစာတွေကိုစတင်ပြီကူးပေးနေကြလေသည်။ဘယ်လောက်ပဲနွေးတို့ကိုဝိုင်းအပြစ်တင်နေရင်တောင်နွေးနဲ့ငယ်ဘက်ကတိုက်ခိုက်ပေးပြီးအကောင်းဆုံးကာကွယ်ပေးပြီးပြန်ပြောဆိုပေးနေသည့်သိပ်ကိုချစ်ဖို့ကောင်းလှသည့်သူငယ်ချင်းလေးတွေပေါ့။

_______________

ဒီနေရာကတော့ဦးထိန်လင်းအောင်ပိုင်သည့်ကော်ဖီဆိုင်လေးတစ်ခုပေါ့။ဦးထိန်လင်းအောင်သည့်အလုပ်ပြီအချိန်တိုင်းဒီနေရာလေးတွင်အပန်းဖြေနေကြပင်ဖြစ်သည်။ယခုအခါလဲကော်ဖီလေးသောက်ကာပြတင်းပေါက်မှတစ်ဆင့်မြင်နေရသည့်သဘာ၀ရှုခင်းအလှကိုငေးလို့ကြည့်နေကြသည်။ထိုအချိန်တွင်ရှပ်ပြာရှပ်ပြာနဲ့ဖြစ်နေသည့်စာပွဲထိုးကောင်လေးတစ်ယောက်ကသူရဲ့အနားယူချိန်ကိုဖျက်စီးလိုက်သည်။


"အားး....ပူလိုက်တာကွာ မင်းဘယ်လို့လုပ်လိုက်တာလဲ"


"တောင်းပန်ပါတယ် အစ်ကို ကျွန်တော်ခလုတ်တိုက်ပြီးအစ်ကိုရဲ့အ၀တ်ကိုစိုအောင်လုပ်မိလို့အနူးအညွှန်းတောင်းပန်ပါတယ်"

ခေါင်းလေးငုံကာသူကိုအသည်းအသဲတောင်းပန်နေသည့်ကောင်လေးကိုသနားစိတ်၀င်မိသွားသည်။ထိုကောင်လေးကိုသေချာကြည့်မိတော့မိန်းမချောချောလှသည်။ဖြူဖွေးနေသည့်အသားရေ၊မျက်၀န်းလေးကအညိုရောင်ဖြစ်ပြီးမျက်‌တောင်တွေကလည်းမိန်းမတွေတောင်ပြန်အားကျရ‌လောက်တဲ့အထိပင်ရှည်ပြီလှသည်။နှာတံဆိုရင်လည်းချွန်ထွက်နေပြီမျက်ခုံးမွှေးတွေဆိုမဲနက်နေသည်။ဆံပင်အရောင်ကလည်းမီးခိုရောင်ဆိုးထားတော့သိပ်ကိုချောမော‌လှပနေသည်။ဒီလောက်လှတဲ့ယောက်ျားမျိုးဦးထိန်လင်းအောင်အခုမှမြင်ဖူးသည်။

မကြိုက်သင့်သောတီချယ်🫀Onde histórias criam vida. Descubra agora