Ep-26

269 22 6
                                    

"ကိုယ်တောင်းပန်ပါတယ် "

geminiသူ့ရှေ့ကကောင်လေးကိုကြည့်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။

Fourthမျက်ရည်တွေကိုသုတ်ပြီး ထရက်ဖို့လုပ်တော့ geminiကအရင်ထကာ လွပ်မသွားစေရန်Fourthလက်ကိုဆွဲလိုက်သည်။နာမှာစိုး၍ လက်ဖျားကိုသာဆွဲထားသည်။Fourthက မျက်ဝန်းစိုစိုတွေနဲ့သူ့အားပြန်ကြည့်လာသည်။

နောက်ပြီး..........

နောက်ပြီး...........

တွေဝေခြင်းကင်းမဲ့စွာ သူ့လက်ကိုဖြုတ်ချပြီးဝေးရာသို့ထွက်သွားသည်။

_________________

"P'gunကိုပြောပြီး ကိုယ့်အိမ်မှာလာနေပါလား"

Gunအိမ်ရဲ့Sofaပေါ်တွင်ကျောမှီထိုင်ကာ ပန်ချီဆွဲနေတဲ့Nanonကိုကြည့်ရင်းOhmပြောလိုက်သည်။

Ohmပါးစပ်ကဆက်တိုက်ပြောနေသော်ငြား Nanonရဲ့ပန်ချီဆွဲနေတဲ့လက်တို့ကတော့ရပ်တန့်ခြင်းမရှိ။ Gunအိမ်မှာမရှိသည့်အပြင် P'prem နဲ့N'gemini ကCondoတွင်သွားနေသည်မလို့ အိမ်တွင်Nanonတစ်ယောက်ထဲနေနေရသည်။Nanonဆွဲနေတဲ့ပန်ချီကားဟာတစ်ဖြေးဖြေး ပုံပေါ်လာပြီး။ မြစ်ကမ်းပါနဲ့တွင်ရပ်နေသောကောင်လေးနှစ်ယောက်ပုံ သေချာပေါက်အဲ့တာသူတို့နှစ်ယောက်ပေါ့။

Nanonဆွဲနေသည့်ပုံကိုကြည့်ကာOhmသိသိသာသာပြုံးလိုက်ပြီး

"ကိုယ့်ကိုအဲ့လောက်ထိတောင်သဘောကျတာလား"

Ohmရဲ့အမေးကြောင့်Nanonရဲ့လက်တို့ရပ်တန့်သွားပြီးခဏတာငြိမ်သက်သွားသည်။ပြီးမှ

"ကျွန်တော့နားမှာP'ကိုအမြဲရှိနေစေချင်တယ်"

"ဟမ်?"

Ohmနားမလည်သလိုကြည့်ပြီးထပ်မေးလိုက်တော့Nanonကရှက်နေသည့်ပုံစံကလေးဖြင့်

"ကျွန်တော်ပြောချင်တာကလေ ကျွန်တော်မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာပထမဆုံးမြင်ရမယ့်လူကခများဖြစ်စေချင်တယ်"

Nanonရဲ့စကားကြောင့် Ohmရင်ထဲတွင်ကိန်းအောင်းနေသောအပြစ်ရှိစိတ်တို့ပိုလာရသည်။

"P'မင်းအနားမှာအမြဲရှိနေမှာပါNon"

Ohm Nanonခေါင်းကိုပုတ်ပေးရင်းပြောလိုက်သည်။

Love storyWhere stories live. Discover now