Ep-19

241 23 3
                                    

Ohmအတွက်ကတော့နေ့ရက်တိုင်းကပျော်စရာတွေချည်းဘဲBad Buddyမပြီးခင်အထိပေါ့

Seriesပြီးသွားတော့Nanonနဲ့သိပ်မတွေ့ရတော့မနေနိုင်းလွန်းလို့P'premကိုအကြောင်းပြုပြီးသွားတွေ့ပြန်တော့လည်းအကြောင်းမရှိအကြောင်းရှာတယ်ပြောသေးတယ်။

Ohmအလွမ်းတွေကိုရင်မှာခံစားကာအမေမှာလိုက်တဲ့ပန်ချီကားကိုဝယ်ဖို့ပန်ချီပြခန်းကိုရောက်လာခဲ့သည်။

ပြခန်းထဲတွင်​လှပသောပန်းချီမျိုးစုံရှိနေပေမယ့်အမေမှာလိုက်တဲ့ပန်ချီကားမျိုးကိုတော့မတွေ့သေး။

ပန်ချီကားတွေအားလုံးထဲကမှတစ်ခုကတော့အတော်လေးကိုလှပသည်ဟုပြောရလောက်သည်။ကောင်လေးနဲ့ကောင်မလေးမိုးရေထဲမှာဆော့ကစားနေသည့်ပုံဖြစ်သည်။ကောင်လေးကအထက်တန်းကျောင်းသားနဲ့တူပြီကောင်မလေးကအလယ်တန်းကျောင်းသူပုံစံပင်။ဒီတိုင်းကြည့်လိုက်လျှင်အတွဲနဲ့တူပေမယ့်သေသေချာချာကြည့်လိုက်ရင်မောင်နှမနဲ့ပို၍တူသည်။

Ohmပန်ချီကားကိုဝယ်ဖို့ဆုံးဖြတ်လိုက်ပြီးပြခန်းကဝန်ထမ်းတစ်ဦးကိုလှမ်းခေါ်လိုက်သည်။

"ညီဒီပန်ချီကားလေး......"

"ဒီပန်ချီကားကရောင်းဖို့အတွက်မဟုတ်ဘူးအကို"

ဝန်ထမ်းကောင်လေးရဲ့ဖြတ်ပြောတဲ့စကားကိုOhmနည်းနည်းလေးမှသဘောမကျပေ။

"စျေးပိုတိုးပေးနိုင်ပါတယ်"

"တကယ်ရောင်းပေးလို့မရလို့ပါ"

Ohmဒေါသထောင်းခနဲထသွားသည်။
သူ့အနေအထားနဲ့ဆိုဒီပြခန်းတစ်ခုလုံးကိုတောင်ဝယ်ပြီးမီးရှို့နိုင်လိုက်အောင်ချမ်းသာမှန်းသိလျက်နဲ့မရောင်းနိုင်ဘူးဆိုတော့။

Ohmသက်ပြင်းတစ်ချကိချလိုက်ပြီး

"P'ကိုပန်ချီဆရာနဲ့တွေ့ခွင့်ပေးပါလား"
Ohmအသံကိုဒေါသသံမပါအောင်အတတ်နိုင်ဆုံးထိန်းပြီးပြောလိုက်သည်။ဘယ်လိုနည်းနဲ့ဘဲရရဒီနေ့ဒီပန်ချီကားကိုအိမ်ကိုရအောင်သယ်သွားမည်။

ဝန်ထမ်းကောင်လေးကခေါင်းကုတ်ရင်းဖုန်းဆက်လိုက်သည်။

"Hello P'"

Love storyWhere stories live. Discover now