လုယောင်ယောင်က တစ်နာရီတောင်မကြာသေးခင်မှာ ရှီအာကိုကုပေးနိုင်ခဲ့တယ်၊ ဒီမိန်းကလေးက ထင်သလောက်မရိုးရှင်းဘူး။
ချင်ဖူကျစ်က နောက်ထပ်စာရွက်တစ်ရွက်ကို ညွှန်ပြသည်။
"ချန်းကျင်းယွီလည်းတော်တယ်"
ချီကျင်းက ပြုံးလိုက်သည်။
"ဒီနှစ်မှာ တကယ့်ကျောင်းသူကောင်းတွေ ပါလာခဲ့တာပဲ"
"အခန်းနံပါတ် ၁ မှာလည်း ဒီကျောင်းသူနှစ်ယောက်ပဲရှိတယ်"
ချင်ဖူကျစ်က မျက်မှောင်ကြုတ်သည်။
"အခန်းနံပါတ် ၁ နဲ့ ၂ က ဘာကွာတာလဲ"
ချီကျင်းဟာ အခန်းနံပါတ် ၁ မှ ကျောင်းသူများက ထူးချွန်သည်ဟု တစ်ကြိမ်သော်မျှ တွေးခဲ့ဖူးခြင်းမရှိခဲ့ချေ။ စည်းမျဉ်းမကျသောခွဲခြားမှုကိုလည်း သူမက လက်မခံလိုချေ။
ချီဖူကျစ်က ရယ်လိုက်သည်။
"မင်း ဘယ်လောက်တောင် အခြေအနေကို မေ့လျော့နေတာလဲ"
ချီကျင်းက ဖျော့တော့စွာပြုံးလိုက်သည်။
"နှစ်တွေကြာသွားပြီ၊ ဆက်ခံသူကောင်းတစ်ယောက်ကို ရှာတွေ့ဖို့က လွယ်တာမဟုတ်ဘူး၊ ငါတို့အပေါ်ယံကိုပဲကြည့်ပြီး ဆုံးဖြတ်ဖို့မသင့်တော့ဘူး"
"မင်းရဲ့တူက ..."
ချင်ဖူကျစ်က သက်ပြင်းချလိုက်သည်။ ချီကျင်း၏ထူးချွန်ပြောင်မြောက်လှသော တူတော်ကိုတွေးမိသွားသည်။ ကံဆိုးစွာဖြင့် သူဟာ လောက၏မည်သည့်နေရာတွင် ပုန်းအောင်းနေကြောင်း မည်သူမျှမသိကြချေ။
"ဟီး ဟီး"
ချီကျင်းက အော်ရယ်သည်။
"သူက မြို့တော်မှာရှိနေမယ်ဆိုရင်တောင်မှ နန်းတော်ထဲကိုဝင်ဖို့ မသင့်တော်ဘူး"
ချင်ဖူကျစ်က ချီကျင်းဟာ သူမ၏တူအကြောင်း ပြောသည်လားမသိချေ။
"ငါ မှတ်မိတာမှန်မယ်ဆိုရင် ဒီနေ့ မင်းအတန်းမရှိပါဘူး၊ ဘာလို့ နန်းတော်ထဲကို မဝင်တာလဲ၊ နန်းတော်ထဲမှာ ဖျားနာနေတဲ့ အထက်တန်းလွှာတွေမရှိဘူးလား"
![](https://img.wattpad.com/cover/314436867-288-k49197.jpg)
Part 185
Start from the beginning