"ဟန်"
"နွယ်"
"ဟန် ဟန် ဘာလို့နွယ်ကို မပြောပဲ ရှောင်နေရတာလဲ"
ပြောရင်း ဟန်ရင်ထဲတိုး၀င်လာသည့် နွယ်။ဟန်ရဲ့နွယ်။
"နွယ်ပဲ ဟန်ကိုရှောင်ရလိမ့်မည်ဆို"
"အခုရော ရှောင်နေလို့လား ဟန်သိလား ၃နှစ် ၃နှစ်တောင် ကြာခဲ့ပီဟန်"
"ဟန်သိတာပေါ့ ဟန်သိပ်သိတာပေါ့ ပြီးတော့လေ နွယ့်ကို ဟန်အသဲမာစွဲနေအောင် ချစ်မိနေပြီ"
"အို ဟန်"
ထိုအချိန်မှ နွယ်ရုန်းရမှန်းသိတော့သည် သို့သော် ဒီဦးလေးပုံစံမျိုးနဲ့ဟန်ကို နွယ်မရုန်းနိုင်ရင်ခွင်ထဲဆွဲသွင်းထားတော့ကြောင့် ထိမိသော အစိုင်အခဲများ သို့သော် အမျိုးသမီးတစ်ယောက်၏အရာများဟုတ်မနေခဲ့။
"ဟန် ဟန်ဘယ်လို"
"ဟန်ခွဲစိတ်လိုက်တာ"
"နွယ်ကိုလွှတ်ပါအုံး အခုချိန်မာ ဟန်ကယောကျ်ားသားတစ်ယောက်မျိုး "
"ဟန်ကို စဥ်းစားပေးထားနော် ဟန်ရဲ့မိန်းမလေး"
"ဟန်ကွာ"
~~~
"မိန်းမရေ မောင့်အချစ်ကလေးရေ မောင့်သွယ်ရေ မောင့်ပူတူးတူးးးးး""မောင်မောင် အိမ့်ရှေ့မာ အော်ကြီးဟစ်ကျယ် ဘာဖြစ်နေတာလဲ"
"ညနေပွဲစျေးရှောက်မယ်ဆိုတာ မမသွယ်ကို လာပြောတာ အခုတော့ သရေပင်းသွားပစ်အုံးမယ်ဖေဖေ မောင်မောင်သွားပြီ"
"ဟ မောင်မောင်နေအုံးဟ"
ဦးလွန်းမောင် ခေါင်းခါမိသည်။ဒီမျက်လောင်းသူနဲ့ရတာမှဟုတ်ရဲ့လား။တကယ်မျောက်ပင်အရှုံးပေးရသည်။မိန်းမပင်ယူတော့မည် အခုထိကလေးစိတ်မပျောက်သေး။
___"မောင်"
"ခဗျ"
"မမသွယ် ရေချိုးတော့မယ် မောင့်အတွက်အကျီထုတ်ထားတယ်နော်"
"ဟုတ်ပြီး မောင့်မိန်းမ"
"အရှက်ကိုမရှိဘူး"
ပြော"ဆို"ဖြင့် သွယ်ရေချိုးရန်ထွက်လာခဲ့သည်။
မောင်မောင်အ၀တ်အစားများကြည့်ကာပြုံးမိသည်။သူ့ဘာသာသူဆို အရင်လိုဖရိုဖရဲနေလိမ့်မည်။အရင်ပွဲစျေးညများတွင် ဂျင်းဘောင်းဘီ ရှပ်အကျီဖြင့်သာ လျှောက်ခဲ့သော်လည်း အခုအခါ လည်ကတုံးအဖြူ ကွက်စေ့ပုဆ်ုးလေးဖြင့် နှစ်ထပ်ကေလေးနဲ့မောင်မောင်မှာ အတော်ပင်ကြည့်ကောင်းနေသည်။