" ကိုကို ရေချိုးမှာလား Tae အကျီချွတ်ပေးမယ်
လေ "" မလိုဘူး ငါ့ဘာသာလုပ်နိုင်တယ် လက်ကသက်သာနေပြီ မင်းမလိုဘူး "
Taehyung ဟာ Jungkook ပြောလိုက်တဲ့နောက်ဆုံးစကားမှာ တကယ်ဝမ်းနည်းလို့သွားကာ မော့ကြည့်လာတဲ့ မျက်ဝန်းလေးက မျက်ခမ်းစပ်လေးတွေကရဲလို့ မျက်ဝန်းအိမ်ထဲမျက်ရည်ကအပြည့်..
" တကယ်... ငါ့ကိုမလိုအပ်တော့ဘူးလား "
မေးပြီး မျက်တောင်လေးခက်လိုက်ချိန်မှာမျက်ဝန်းထဲက မျက်ရည်တို့ဟာစီးကျလို့လာတာကို လက်ခုံလေးဖြင့်သုတ်ကာ အိမ်အပြင်သို့ပြေးထွက်သွားတဲ့ Taehyung ကို Jungkook မှာ တားချိန်တောင်မရှိလိုက်..
" Tae "
ချက်ချင်းပဲအနောက်ကနေပြေးလိုက်တာတောင် Taehyung ကိုသူမမှီ..ဘယ်ကိုရောက်လို့ရောက်သွားမှန်းမသိ သူ့မှာအပြေးရှာရလို့ ပက်တီးမဖြည်ရသေးတဲ့ လက်ကလည်းပြန်နာလာသည်..
....🐰🐯
တိတ်ဆိတ်တဲ့ ရပ်ကွက်ထဲ ဟိုတခါလိုဖြစ်နေမလားဆိုပြီးလည်း စိုးရိမ်ရပြန်ကာ ဒီလောက်ချစ်ဖို့ကောင်းပြီး ကိုကို ကပါးစပ်ဖျားကမချကာ ချော့နေတာကို မှုလိုက်မိတဲ့ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေမိတော့ တဲ့ Jungkook
တော်တော်လေးရှာယူလိုက်ရတာ ဒီပန်းခြံနားကိုမှသူမှာသုံးခါလောက်ရှ်ိတာတောင် ခန္တာကိုယ်သေးသေးလေးနဲ့ ကောင်လေးကို တတိယအကြိမ်မှသာ သူရှာလို့တွေ့သည်..
လျောရဲ့ရှေ့မှာ ငုတ်တုတ်လေးထိုင်နေတဲ့ Taehyung .အနီးနားစတိုးဆိုင်ကာ ရေခဲမုန့် ဝယ်ကာ Taehyung ရှ်ိရာစီသွားလို့ရှေ့မှာရပ်လိုက်တော့ ငုတ်တုတ်လေးထိုင်နေရာကနေမော့ကြည့်လာတဲ့ Taehyung ရဲ့ မျက်နှာလေးက နီရဲလို့...
" ရော့ "
" အဲ့တာဘာလုပ်ရမှာလည်း."
" စားဖို့လေ "
" မစားဘူး "
Taehyung ဟာ ထိုင်နေရာကနေ ထထွက်သွားတော့ Jungkook မှာ Taehyung ရဲ့လက်ကလေးကိုဆွဲကာ ရင်ခွင်ထဲ ဆွဲသွင်းကာဖတ်လိုက်ပြီး ခေါင်းလေးကိုပွတ်ကာ..
" ငါစကားပြောမှားသွားပါတယ် Tae ငါခုဏမင်းကို စချင်လို့ဟန်ဆောင်လိုက်တာ omma ဖုန်းဆက်ထားလို့ငါအကုန်သိထားပြီးပြီ မင်းငါ့ကိုချော့ဖို့ omma စီကိုဖုန်းဆက်အကြံဉာဏ်တောင်းတယ်ဆိုတာကို စိတ်မဆိုးပါနဲ့တော့နော် ငါတကယ်မှားသွားပါတယ် "