"အဟက် ငါ့သူငယ်ချင်းက တော်လိုက်‌တာ အဟိ"

သူမက မြင့်မိုရ်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး လက်ဖက်သုပ်တစ်ပန်ကန်ကို ခပ်စားလိုက်သည်။

မြင့်မိုရ်က သူမအတွက်ရေနွေးငှဲ့ပေးရင်း ထိုသို့မေးလိုက်သည်။

"ကဲ့ ရှင်ကျွန်မအိမ်လာရတဲ့ ကိစ္စ‌လေးပြောပါဦး မလရိပ်ပျို "

သူမက မြင့်မိုရ်မေးတာကိုပြန်မဖြေသေးဘဲ မြင့်မိုရ်ငှဲ့ပေးထားတဲ့ ရေနွေးကြမ်းကို မော့သောက်လိုက်သည်။
မြင့်မိုရ်ကလည်း သူမပြောလာမှာကိုစောင့်နေရင်းရေနွေးကြမ်းသောက်လိုက်သည်။

"ငါ ရှိန်းနဲ့ လက်ထပ်တော့မယ် မြင့်မိုရ်"

"အဟွတ် အဟွတ် အဟွတ် အဟွတ်"

မြင့်မိုရ်က သူမထိုသို့ပြောလိုက်သည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် အံ့ဩသွား၍ ရေနွေးကြမ်းသောက်နေရင်း သီးသွားသည်။

"မြင့် မိုရ် နင်ရရဲ့လား"

"အဟွတ် အဟွတ် ရတယ် အဟွတ် နင်ပြောတာကို ငါအရမ်းအံ့ဩသွားလို့ရေသီးသွားတာ အဟွတ်"

မြင့်မိုရ်က တစ်သျှူးယူပြီး သူမပါးစပ်ကိုသုတ်လိုက်သည်။

"နင်နဲ့ ရှိန်းနဲ့ လက်ထပ်တော့မယ် ဟုတ်လား လရိပ် ရုတ်တရတ်ကြီးများလား ဘယ်လိုဖြစ်ပြီးတော့လဲ နင်နဲ့ရှိန်းနဲ့ အဆင်ပြေသွားကြပြီးလား"

"ကဲ့ပါ မြင့်မိုရ် ရယ် မေးခွန်းတွေက များလိုက်တာ ငါအားလုံးပြောပြပါ့မယ်ဟာ ငါနင့်ကိုအဲဒီအကြောင်းတွေပြောပြချင်လို့ နင့်ဆီကိုလာခဲ့လိုက်တာ ဟုတ်ပြီးလား"

"အင်း ပါ ငါသိချင်လာပြီး ပြောပြ ပြောပြ"

သူမအသက်ကို၀အောင် တစ်ချက်ရှူလိုက်ပြီးမြင့်မိုရ်ကို စကားစလိုက်သည်။

"ဒီလိုဟ ဟိုနေ့က ငါကိုရှိုင်းနဲ့ လိုက်သွားပြီး လမ်းခွဲစကားပြောမလို့လုပ်ခဲ့တယ်ဆိုတာ နင်သိတယ်မဟုတ်လား မြင့်မိုရ်"

"အင်း သိတယ်လေ"

"အေး ကိုရှိုင်းက ငါ့ကိုသူ့ကွန်ဒိုဆီခေါ်သွားခဲ့တယ် မြင့်မိုရ် ငါက လမ်းခွဲစကားပြောဖို့က အဓိက‌ဆိုတော့ သူခေါ်သွားတဲ့နေရာဆီလိုက်သွားတာဘဲ ပြီးတော့ သူက ငါ့ကို သောက်စရာတစ်ခုခုချပေးပြီး သူနဲ့ငါစကားစပြောတော့တာဘဲ ငါက သူ့ကိုလမ်းခွဲစကားမပြောခင် ချွေးတွေပျံနေတုန်းမှာ သူ့ရဲ့ အအေးကိုသောက်ပြီး ချက်ချင်းလမ်းခွဲစကား‌ ပြောလိုက်တယ်  ပြီးတော့ ခနအကြာမှာ ငါသူနဲ့စကားပြောနေရင်း ငါခန္ဓာကိုယ်က ရုတ်တရတ်ပူသလိုခံစားလာရပြီးတော့ တစ်ခုခုကိုလိုချင်သလိုခံစားလာရတယ်ဟာ ပြီးတော့ ဘာတွေဆက်ဖြစ်မှန်း ငါမမှတ်မိတော့ဘူးဟာ
မနက်မိုးလင်းလို့ ငါနိုးလာတော့ ရှိန်းနဲ့ တစ်ကုတင်မှာ ရှိနေတာဘဲ ရှိန်းနဲ့ငါ့ရဲ့ ကိုယ်မှာ ဘာအ၀တ်အစားမှမရှိဘဲ တစ်ကုတင်မှာ အတူတူရှိ‌ နေတော့တာဘဲ အဲဒီတော့ ငါရှိန်းနဲ့ထပ်ပြီး အိပ်လိုက်မိပြီးဆိုတာ ချက်ချင်းသိလိုက်တာဘဲ ပြီးတော့ ငါနဲ့ ရှိန်းနဲ့ အဲ့မနက်မှာဘဲ ငါက ရှိန်းကိုချစ်မိ နေကြောင်းပြောပြီးငါနဲ့ရှိန်းနဲ့ အဆင်ပြေသွားကြပြီး ဒီလိုလက်ထပ်ဖို့အထိ ဖြစ်လာတာဘဲ"

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now