Part 5

7.4K 120 0
                                    

(Uni)

ကျွန်တော့်နာမည် ရှိန်းသမ္ဘာပါ ၊လူအများကတော့ရှိန်းလို့ခေါ်ကြတယ် ကျွန်တော့်မိဘတွေက ဦးမင်းသူနဲ့ဒေါ်ဝါနွယ်တို့ဖြစ်တယ် ။ကျွန်တော့်အမေက ကျွန်တော့်ကိုမွေးပြီးကတည်းက ကျန်းမာရေးချူချာခဲ့တယ် ဒီလိုနဲ့ကျွန်တော် ၄နှစ်မှာကျွန်တော့်အမေဆုံးသွားခဲ့တယ် အဖေက အမေဆုံးပြီးနောက် ကျွန်တော့်အမေ့အစားပြုစုစောင့်ရှောက်ခဲ့တယ်။

ဒီလိုနဲ့တစ်နှစ်ကြာပြီးနောက် အဖေကကျွန်တော့်ကိုဒီလိုပြောခဲ့တယ်။

"သား ရှိန်း အဖေမင်းကိုတစ်ခုလောက် ပြောချင်တယ်"
ကျွန်တော်လည်းအဖေဘာဆက်ပြောမလဲ စောင့်နေခဲ့တယ်။

"သား မေမေလေး မလိုချင်ဘူးလား "
အဖေကျွန်တော့်ကိုဒီလိုမေးသည်ကြောင့်ကျွန်တော်ကြောင်သွားတယ်။

"အဖေ မေမေလေးဆိုတာ ဘာလဲ"

"သား မေမေလေးဆိုတာ သားရဲ့ဒုတိယမိခင်ကိုပြောတာ ပြောရရင်ကွာ သားအမေနောက်တစ်ယောက် သားအမေလိုသားကိုချစ်ပေးမယ့် နောက်လူတစ်ယောက်သားရဲ့ သူကသားအမေနေရာမှာ၀င်ပီး ချစ်ပေး ကြင်နာပေး စောင့်ရှောက်ပေးမှာ သားလိုချင်လား"

"အဖေက သားကိုအဲ့လိုမေမေကိုပေးမှာလား"

အဖေကကျွန်တော်အဲ့လိုမေးတာကိုသဘောကျဟန်နဲ့တူတယ် ရယ်နေလိုက်တာ မေမေဆုံးပြီးကတည်းက အဖေအဲ့လိုသဘောကျပြီးရယ်တာ ပထမဆုံးဖြစ်တယ်လို့ကျွန်တော်ထင်တယ်။ဒီလိုနဲ့အဖေ့ပျော်ရွှင်မှုကိုဦးစားပေးပြီး အဖေ့နောက်မိန်းမယူမှာကိုကျွန်တော်လက်ခံခဲ့တယ်။

ဒီလိုနဲ့နောက်တစ်နေ့မှာအဖေကအမျိုးသမီးတစ်ယောက်နဲ့ ကျွန်တော့်ထက်နည်းနည်းကြီးပုံရတဲ့ကောင်မလေးတစ်ယောက်ကိုအိမ်ကိုခေါ်လာခဲ့တယ်။အဲဒီ‌ေကာင်မ‌ေလးရဲ့နာမည်က လရိပ်ပျိုတဲ့။ကျွန်တော်အဲဒီကောင်မလေးကိုကြည့်လိုက်တော့ ကျွန်တော့်နှလုံးသားထဲမှာလေအေးတစ်ခုဖြ့တ်သန်းသွားခဲ့တယ်။အဲဒီကောင်မလေးကသူ့ကိုယ်သူမိတ်ဆက်ပေးပြီး ကျွန်တော့်ခေါင်းကိုပုတ်လိုက်တော့ကျွန်တော့်ရင်ထဲမှာပျော်သွားခဲ့တယ်။ဒီလိုနဲ့ကျွန်တော်တို့အိမ်ကိုအဲဒီသားအမိနှစ်ယောက်လာနေခဲ့တယ်။ကျွန်တော့်ကိုအဖော်ရအောင်အဲဒီကောင်မလေးက ကျွန်တော့်နဲ့အတူ‌ေန့တိုင်းဆော့‌ပေးတယ်။ကျွန်တော်လည်းဟိုအရင်ကလို အထီးမကျန်တော့တာကြောင့်ပျော်နေခဲ့တယ်။
ဒီလိုနဲ့ကျွန်တော်တို့အရွယ်ရောက်လာခဲ့တယ်။အဲ့ကောင်မလေးကတစ်နေ့တခြား ပိုပိုလှလာတော့ကျွန်တော့်ရင်ထဲမှာအမျိုးအမည်မသိတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်လာခဲ့တယ်။အဲဒါကိုကျွန်တော်ကဂရုမစိုက်ဘဲလျစ်လျူရှုခဲ့တယ်။ကျွန်တော်၉တန်းနှစ်ကစပြီး ကျွန်တော့်အဲ့ကောင်မလေးကိုခံစားချက်ရှိနေတယ်ဆိုတာကျွန်တော့်ရင်ခုန်သံကနေသိခဲ့ရတယ် ။ကျွန်တော်ကိုယ့်ကိုယ်တောင်အံ့ဩခဲ့မိသည်။အမဖြစ်သူကိုချစ်မိနေတဲ့ကျွန်‌‌ေတာ့်ကိုလူအများကသိသွားရင် ဘယ်လောက်‌ေတာင်လှောင်ပြောင်နေမလဲပေါ့။ကျွန်တော့်ကိုယ့်အမအပေါ်ကိုအဲ့လိုခံစားချက်ဖြစ်နေတဲ့ကျွန်တော်ကိုယ်ကျွန်တော်မုန်းတယ် ကျွန်တော်ခံစားချက်ကိုကျွန်တော်ဖုံးကွယ်ဖို့လိမ်ညာဖို့အတွက် သူ့နေရာမှာကောင်မလေးတစ်ယောက်ပြီးတစ်‌ေယာက်ကျွန်တော်တွဲခဲ့တယ် အဲ့နှစ်မှာတုန်းက ကျွန်တော် အနည်းဆုံး၅ယောက်၆ယောက်လောက်ကျွန်တော်တွဲခဲ့တယ် ။
၁၀တန်းရောက်တော့ ကျွန်တော် ကောင်မလေးတွေ အရင်ကနှစ်ကထက်ပိုတွဲလာခဲ့တယ် အဲ့ကောင်မလေးတွေကလည်းကျွန်တော်သူတို့နဲ့တွဲမယ်လည်းပြောရော ချက်ချင်းလက်ခံတယ် ကျွန်တော်က အဲ့လိုလွယ်တဲ့မိန်းမတွေကို သိပ်ရွံတယ် ။ကျွန်တော်ဘယ်လောက်ဘဲ ကိုယ့်ခံစားချက်တွေကို ဖုံးကွယ်ဖို့ကြိုးစားကြိုးစား သူ့ကိုကျွန်တော်နှလုံးသားထဲကထုတ်မရခဲ့ဘူး ။အဲ့လိုနဲ့ကျွန်တော်သူ့အကြောင်းတွေးတိုင်းထန်လာခဲ့တယ်။အဲ့လိုနဲ့တစ်‌ေန့မှာကောင်မလေးတစ်ယောက်ကိုအိမ်ခေါ်လာပြီး အဲ့ကောင်မလေးကိုသူလိုမှတ်ပြီး Sexလုပ်ပြီးအာသာဖြေနေခဲ့တယ် ။အဲဒါက ကျွန်တော့်စိတ်ကို ပြေအောင်လုပ်ခဲ့တော့ ကျွန်တော်အဲဒီနည်းလမ်းကို အခုချိန်ထိအသုံးပြုနေခဲ့တယ်။
အဲ့လိုနဲ့၁၀တန်းနှစ်မှာ ကျွန်တော့်ခနတွဲပြီး ဖြတ်လိုက်တဲ့ရည်းစားတွေက ကျွန်တော့်ကိုပြသနာမရှာဘဲ သူ့ကိုဘဲ ပြသနာသွားရှာနေတာကိုကျွန်တော်တွေ့ခဲ့ရတယ် ကျွန်တော်တွေ့ခဲ့ပေမယ့် ၀င်မပြောခဲ့ဘူး ကျွန်တော့်ကြောင့်ဒီလိုအပြောခံရတာကိုကျွန်တော်စိတ်မ‌ေကာင်းဖြစ်မိတယ်။ဒီလိုနဲ့ မနက်မှာ ကျွန်တော်သူ့ကိုအဖြစ်အပျက်တွေကိုတောင်းပန်ဖို့ သူ့အခန်းကိုတံခါးခေါက်တော့ သူ့အမေကသူကျောင်းအရင်သွားပြီးလို့ပြောတော့ ကျွန်တော်စိတ်တိုခဲ့တယ်။ကျွန်တော် ကျောင်းသွားဖို့အမြန်ပြင်လိုက်ပြီး ကျောင်းသွားလိုက်သည်။ကျောင်းရောက်တော့ကျွန်တော်သူ့အခန်းထဲ၀င်သွားခဲ့တယ် သူ့ကိုကျွန်တော် သူ့ကိုဘာလို့ကျွန်တော့်ကိုမစောင့်တာလဲလို့မေးလိုက်ပြီး သူ့အမူအရာက တစ်ခုခုထူးဆန်းနေတယ်ဆိုတာ ကျွန်တော်ရိပ်မိသွားတယ် သူ့လက်နောက်ပစ်ပြီးတစ်ခုခုဝှက်ထားတယ်ဆိုတာ ကျွန်တော်သတိထားမိသွားတယ် ကျွန်တော်သူ့အနောက်မှာဝှက်ထားတဲ့ အရာကိုရအောင်လုလိုက်တယ် ကျွန်တော်လုလိုက်တာစာတစ်စောင်ဖြစ်နေခဲ့တယ် ကျွန်တော်အဲဒီစာကိုဖွင့်ဖတ်ကြည့်လိုက်တော့ရည်းစားစာဖြစ်နေခဲ့တယ် ကျွန်တော်ချစ်ရတဲ့သူ့ကိုရည်းစားစာပေးတဲ့လူကိုသတ်ပစ်ချင်ပေါ်လာခဲ့တယ် ဒီလိုနဲ့ကျွန်တော်‌ေဒါသအရမ်းထွက်ပြီး အဲဒီလူရဲ့အခန်းအထိသွားပြီး ထိုးကြိတ်ခဲ့တယ် ဒီလိုနဲ့သူ့ကိုရည်းစားစာပေးတဲ့သူတွေကို ကျွန်တော်သူတို့အခန်းထိသွားပြီး ထိုးကြိတ်ခဲ့တယ် ရန်ဖြစ်ခဲ့တယ် ဒီလိုနဲ့သူ့ကို ကြိုက်ရဲတဲ့လူ၊လိုက်ရဲတဲ့လူ မရှိ‌ေတာ့ဘူးဆိုတာ ကျွန်တော်သတိထားခဲ့မိတယ် သူကတော့ကျွန်တော့့်ကြောင့်သူရည်းစားမရတာဆိုပြီး အပြစ်တင်ခဲ့တယ် ကျွန်တော့်ကို တစ်ကိုယ်ကောင်းသမားလို့ဘဲပြောပြော/ကိုယ်ချင်းစာတရားမရှိဘူးလို့ပြောပြော ကျွန်တော်ခံနိုင်တယ် အဓိကသူအခြားသူလက်ထဲမပါဖို့ဘဲ အရေးကြီးတယ် ။

ကျွန်တော်ပိုင်သော သူမ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin