Part 9

5.6K 93 0
                                    

(Uni)

ရှိန်းတစ်ယောက် သူ့ကုမ္ပဏီကိုပြန်လာခဲ့လိုက်သည်။သူ့ကြောင့် လရိပ်စိတ်ရှုပ်သွားတာကို ပြန်တွေးမိတော့ သူစိတ်မကောင်းဖြစ်ပြီး သက်ပြင်းချလိုက်သည်။ထိုစဉ် ရှိုင်းဆက်အကြောင်းကိုတွေးမိပြီးသူမေးခွန်းထုတ်လိုက်သည်။

"အဲ့ကောင် ရှိုင်းဆက် လရိပ်နဲ့ဘယ်လိုများပက်သက်နေလို့ ဆေးရုံအထိတောင်ရောက်လာရတာလဲ ပြီးတော့ လရိပ်ကိုသူ့မွေးနေ့ထိဖိတ်ရလောက်အထိဘယ်လောက်တောင် ရင်းနှီးနေတာလဲဒီကောင်ဘာတွေကြံစည်နေတာလဲ  မဖြစ်ဘူး ဒီကောင့်ကိုငါမသကာ်ဘူး  "

သူသည်လရိပ်အတွက်အရမ်းကိုစိုးရိမ်နေမိသည်။ရှိုင်းဆက်ဆိုတဲ့ကောင်သည် လရိပ် ကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ကပ်လာရင် သူ့လရိပ်မှာအန္တရာယ်ရှိလာနိုင်သည်။ထို့ကြောင့်သူ ရှိုင်းဆက်အကြောင်းစုံစမ်းမှဖြစ်တော့မည်။သူသည်ချက်ချင်း သူ့အတွင်းရေးမှူးလည်းဖြစ် သူ့လူယုံလည်းဖြစ်တဲ့ မင်းပိုင်ကိုခေါ်လိုက်သည်။သူဖုန်းဆက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့အတွင်းရေးမှူးက ကိုင်လိုက်လေသည်။

"ဟယ်လို Boss"

"မင်းပိုင် မင်းကိုငါ ခိုင်းစရာရှိတယ် "

"ဟုတ် ပြောပါ Boss"

"မင်းရှိုင်းဆက်ဆိုတဲ့ကောင်အကြောင်းတစ်ချက်စုံစမ်းပေး အဲ့ကောင်ဘယ်သွားဘာလုပ် တာကအစစုံစမ်းပေး ကုန်ကုန်ပြောရရင်ကွာ သူ့အကြောင်းတွေတစ်ခုမကျန်အကုန်ငါ့ကိုစုံစမ်းပေး ၁ပတ်အတွင်းသူ့အကြောင်းအကုန်ငါသိချင်တယ် အိုကေလား"

"ရပါတယ် Boss စိတ်ချပါ "

"အေး ငါသူ့ပုံပို့ပေးလိုက်မယ်"

"ဟုတ်ကဲ့ Boss ဘာခိုင်းစရာရှိသေးလဲ ဗျ "

"မရှိတော့ဘူး ဒီလောက်ဘဲ"

"ဟုတ်ကဲ့"

သူဖုန်းချလိုက်ပြီး မျက်နှာကိုတည်လိုက်သည်။

"ရှိုင်းဆက် မင်းလရိပ်နားကိုဘာရည်ရွယ်နဲ့ကပ်လာတာလဲ အေး မင်းကြောင့်လရိပ်တစ်ခုခုဖြစ်လာလို့ကတော့ မင်းကိုငါ ကိုယ်တိုင်အမှုန့်ကြိတ်ပစ်မယ်"

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now