"ရှိန်း လ လရိပ် သွားတော့မယ်နော်"

"အွန်း လရိပ် အဟွန့်"

ရှိန်းက သူမကို သူလိုချင်တာ ရသွားပြီး‌ ကျေနပ်သွားသောမျက်နှာထားနှင့် သူမကိုပြုံးပြီးပြောလိုက်သည်။သူမကရှိန်းကို တစ်ကြည့်ကြည့်ပြီး ကားတံခါးဖွင့်ပြီး ကားပေါ်ကနေ ချက်ချင်းဆင်းလိုက်သည်။
ထိုအခါ ရှိန်းက သူ့ကားကိုကုမ္မဏီသို့မောင်းလိုက်သည်နှင့် သူမက မြင့်မိုရ်ရဲ့ ခြံထဲသို့ ၀င်လာလိုက်သည်။
သူမက မြင့်မိုရ်အိမ်ကိုလာမယ်ဆိုတာ မြင့်မိုရ်ကို ဖုန်းဆက်ပြောထားပြီးသားဖြစ်သည်။သူမကမြင့်မိုရ်ရဲ့ ခြံထဲရောက်သည်နှင့် မြင့်မိုရ်တို့အိမ်က ဘဲလ်ကို နှိပ်လိုက်သည်။

"တီ တီ တီ "

သူမဘဲလ်တီးပြီးသည်နှင့် ခနအကြာ မြင့်မိုရ်က သူမကို တံခါးလာဖွင့်ပေးလိုက်သည်။

"လာ လရိပ် နင့်ကိုငါစောင့်နေတာ "

မြင့်မိုရ်က လရိပ်လက်ကိုချိတ်ပြီး  သူမတို့အိမ်ဧည့်ခန်းက ဆိုဖာခုံဆီခေါ်သွားသည်။

"ကဲ့ ထိုင် ငါနင့်ကိုစောင့်နေရင်း နင်အရမ်းကြိုက်တဲ့ လက်ဖက်သုပ်ပေးနေတာ ခနစောင့် ငါသွားယူပေးမယ်"

"အင်း "

မြင့်မိုရ်က သူမအတွက် လက်ဖက်သုပ်သွားယူပေးနေရင်း သူမကဆိုဖာခုံပေါ်မှာ ထိုင်ရင်း မြင့်မိုရ်ကိုစောင့်နေလိုက်သည်။
ခနအကြာ မြင့်မိုရ်က  ပန်ကန်ကြီးတစ်ပန်ကန်နှင့် ရေနွေးကြမ်းတစ်ကရားမပြီး ထွက်လာသည်။

"မြင့် မိုရ် အဲဒါ ဘယ်သူ့အတွက်လဲ"

"ဟာ့ ဘယ်သူအတွက်ရမှာလဲ နင့်အတွက်ပေါ့ဟ"

"အင်း ငါ့ ငါ့အတွက်တော့ ဟုတ်ပါတယ် ဒါပေမယ့် နင့်ရဲ့ လက်ဖက်သုပ်ပန်းကန်က ငါ့အတွက် ကြီးမနေလွန်းဘူးလား "

"အော် နင်ကလည်း နင်မနိုင်ရင် ငါဝိုင်းစားပေးမှာပေါ့ အဟယ်"

"‌ဪ နင်က လက်ဖက်သုပ်ကို ငါ့တစ်ယောက်တည်းအတွက် သုပ်လာပေးတာ မဟုတ်ဘူးဘဲ မြင့်မိုရ်မ  ကြည့်စမ်း ငါ့နာမည်ခံပြီး နင်ဘဲ အကုန်စားပစ်မှာ နင့်အကြံ ကိုငါမသိတာကျနေတာဘဲ "

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now