သည်နေ့ချီကျင်းဟာ နန်းတော်သို့သွားရောက်ခြင်းမရှိဘဲ ဆေးဝါးအကယ်ဒမီသို့ သာလာကာ ဧကရီသွမ့်ဟွေးချန်ထားရစ်ခဲ့သည့် ဆေးပညာမှတ်တမ်းများကို လာရောက်ကြည့်ရှုနေသည်။ သူမက ထိုသို့ကြည့်ရှုနေရင်း စိတ်လှုပ်ရှားနေသော ချင်ဖူကျစ်က အလောတကြီးလာရှာခြင်းကို မြင်လိုက်ရသည်။ တစ်ဖက်သူက လာနေရင်းဖြင့် ခလုတ်တိုက်လဲမလိုဖြစ်ကြောင်းကိုမြင်သောအခါ သူမက မော့ကြည့်မိပြီး ပြုံးလိုက်ရသည်။

"ဖူကျစ် ဒီလောက်နှစ်တွေကြာသွားပြီ နင် ဘယ်တော့မှ ဒီလိုစရိုက်ကို ပြောင်းလဲမှာလဲ၊ အခု ဘာကိုများ စိတ်လှုပ်ရှားလာတာလဲ"

"ဒီနေ့ရလာတဲ့အဖြေစာရွက်တွေကို ကြည့်ကြည့်လိုက်"

ချင်ဖူကျစ်က ရယ်သည်။ သူ၏မျက်လုံးများဟာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။ သူ၏အသက်ဟာ ချီကျင်းနှင့်အတူတူသာလျှင်ဖြစ်သော်လည်း သဘာဝအလျောက်ပင် သူမ၏ဂျူနီယာကဲ့သို့သာ သူက ပြုမူတတ်လေ့ရှိသည်။

"အချို့က ကောင်းကောင်းဖြေဆိုထားတယ်၊ တစ်ယောက်ဆိုရင် ငါ နှစ်ပေါင်းများစွာ မတွေ့ခဲ့ဖူးလောက်အောင် ပါရမီကြီးနေတယ်"

ချီကျင်းဟာ မျက်ခုံးပင့်လိုက်ပြီး သူ့ကိုနားလည်ဟန်ဖြင့် ကြည့်လိုက်သည်။

"ဟုတ်လား၊ နင် ဒီနေ့ ပထမဦးဆုံးနေ့မှာပဲ သူတို့ကို စစ်ဆေးခဲ့တာပေါ့"

ချင်ဖူကျစ်ဟာ ညင်သာစွာ ချောင်းဟန့်လိုက်ပြီးနောက်တွင် နဖူးကိုထိတွေ့ကာ ပြောသည်။

"အာ အဟွတ် မင်းနဲ့သမားတော်ဟွမ်တို့က နန်းတော်ကိုပို့ဖို့အတွက် ဒီအတိုင်းနဲ့ လူတွေရွေးချယ်လို့ရမှာ မဟုတ်ဘူးလေ၊ ဒီတော့ ငါက ကူညီပေးတာ"

"ငါ စာရွက်တွေ အရင်ကြည့်လိုက်မယ်"

ချီကျင်းက ရယ်သည်။ ထိုလူဟာ ဆေးပညာပါရမီနှင့်ပတ်သက်လျှင် အလွန်စိတ်လှုပ်ရှားကာ စိတ်ဆန္ဒပြင်းပြတတ်လေ့ရှိသည်။

"ဒီနေ့ခေတ်မှာ အရင်ကလိုမဟုတ်တော့ဘူး၊ အမျိုးသမီးသမားတော်တွေက ကြိုးစားချင်စိတ်နည်းသထက်နည်းလာကြတယ်၊ အချို့တွေက နန်းတော်ထဲကို သမားတော်အဖြစ်နဲ့ ဝင်ရလောက်အောင် ပါရမီမပါဘူး၊ အချို့တွေက ဝင်ဖို့မလိုအပ်တာလည်းဖြစ်တယ်၊ တော်ဝင်စားဖိုဆောင်က အမျိုးသမီးအကယ်ဒမီက အမျိုးသမီးသမားတော်တွေကိုပဲ နန်းတော်ထဲကို ဝင်ရောက်ခိုင်းရမယ်ဆိုတဲ့ စည်းမျဉ်းတွေကို ဖယ်ရှားချင်နေတာကြာပြီ"

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now