သူမဖျက်ဆီးပြစ်ချင်သော လူတစ်ယောက်ရဲ့ နာမည်ကို ထည့်ပြောလာကြောင်းကြားသောအခါ လုဝူရွှမ်းက အေး စက်သော မျက်ဝန်းများကို ဝင့်ကာ အကိုဖြစ်သူကို နာကြင်စွာစိုက်ကြည့်လိုက်သည် " အကိုကြီးက ဒီမိန်းကလေးအတွက် ပြောပေးဖို့အတွက်နဲ့ နန်းတော်ထဲကိုဝင်ရောက်လာခဲ့တာပါလား"

လုလင်ကျစ်က ဝန်မခံသလို ငြင်းလည်းမငြင်းကြောင်း မြင်သောအခါ ဒီအချက်က သိသာထင်ရှားသွားသည်။ သူမ၏အထင်က မှန်နေ၏။ လုယောင်ယောင်ဟာ လုမိသားစုတွင် သူမထက်ပို၍ အရေးကြီးနေသည်။

သူမ၏စကားထဲမှ မကျေနပ်မှုူကို ခံစားမိသည့် လုလင်ကျင်းဟာလည်း ညီမဖြစ်သူ၏ လုယောင်ယောင်ပေါ် ခံစား ချက်ကို သိလိုက်သည် "ဝမ်ဖေး ယောင်ယောင်က ငယ်ငယ်ကတည်းက နယ်မြို့မှာ ကြီးပြင်းလာခဲ့တာ ယောင်ယောင်ရဲ့ စိတ်နေသဘောထားက ထိန်းချုပ်လို့မရတဲ့ အခြေအနေမျိုးရှိတယ် ၊ ဒါပေမဲ့ ယောင်ယောင်လေး ရဲ့စိတ်က ရိုးရှင်းပါတယ် ယောင်ယောင်က ဝမ်ဖေးအပေါ် ဆန့်ကျင်တိုက်ခိုက်လိုတာမျိုးမရှိလောက်ပါဘူး မနေ့က လည်း နားလည်မှုူလွဲတာပါ ဝမ်ဖေးအနေနဲ့ စိတ်ထဲမထားပါနဲ့"

ဟမ်း လုယောင်ယောင်က ရိုးရှင်းတဲ့စိတ်ထားရှိရင် ငါကရော ဒီမိန်းကလေးက ဧကရာဇ်ရှိတဲ့နေရာမှာ သေချာ ရောက်နေပြီး ဆွဲဆောင်မြူဆွယ်ခဲ့တာမဟုတ်ဘူးလား "အကိုကြီး အကိုကြီး လုယောင်ယောင်အကြောင်း သေချာမသိပါဘူး သူက မော့ယုံကျန်းနဲ့ အဆင်ပြေနိုင်ဖို့အတွက်နဲ့ ဒီဝမ်ဖေးကို အရှက်ခွဲဖို့ ကြိုးစားရဲတာ" "ဝမ်ဖေး ယောင်ယောင်က ဘာမှနားမလည်လောက်ပေမဲ့ ဝမ်ဖေးကိုယ်တိုင်က သူမကို ကိစ္စတွေ ရှုပ်ထွေးအောင် မလုပ်သင့်ဘူး ယောင်ယောင်နဲ့ ဧကရာဇ် မနေ့က တွေ့ဆုံတယ်ဆိုတာက တိုက်ဆိုင်မှုဘဲ ရည်ရွယ်ချက်ရှိရှိမှ မဟုတ်ဘဲ" " အကိုကြီး အကိုကြီးကတာ စိတ်ရှုပ်ထွေးနေတယ်လို့ ထင်တယ်" လုဝူရွှမ်းက သူ့ကို စိုက်ကြည့် သည်။ စိတ်အချဉ်ပေါက်နေသော လေသံမျိုးဖြင့်သူမကပြောသည်။

" အဲ့ဒီမိန်းကလေးပြောတိုင်း အကိုကြီးက ယုံတာဘဲလား ဒါက တိုက်ဆိုင်မှုမှ မဖြစ်နိုင်တာ" " ကျွန်တော် ယောင်ယောင်ကို ယုံတယ် ဒါက ကျွန်တော်တို့ရဲ့ဝမ်းကွဲပါ မိသားစုကို ဒုက္ခရောက်စေမဲ့ ကိစ္စမျိုး ယောင်ယောင်က လုပ်မှာမဟုတ်ဘူး" လုလင်ကျင်းကလည်း တုံ့ဆိုင်းမနေဘဲပြောသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now