🍁//Chapter-13//🍁(Final)

Start from the beginning
                                    

..........

"ကျွန်တော်..လွမ်းရတာ.. ပင်ပန်းလွန်းလှပြီ...မြို့အုပ်မင်းရယ်..."

နေကြာခင်းကြီးကို ကြည့်ရင်း အသေးကောင်လေးဟာ ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ အရင်နှစ်က ဒီလို December လရဲ့ ဒုတိယ နေ့လေးမှာ သူတို့နှစ်ယောက် စတွေ့ခဲ့ပုံကို ပြန်မြင်ယောင်ရင်း မျက်ရည်တွေကြားကကို အသေးကောင်လေးမှာ ပြုံးမိသည်။

"ဗျို့......ကျုပ်ရဲ့အသေးကောင်လေး.. ကျုပ်ကိုများ လွမ်းနေမလားလို့... အခါတော်မှီလေး ပြန်လာခဲ့တာ... "

လွန်ခဲ့တဲ့နှစ်တွေက ပျောက်သွားတဲ့ မြို့အုပ်မင်းဟာ အခုချိန်ထိ ကြည့်ကောင်းနေလွန်းပြန်သည်....

"မြို့အုပ်မင်း... "

အသေးကောင်လေးဟာ အပြေးလေး မြို့အုပ်မင်းရဲ့ ရင်ခွင်ထဲ တိုးဝင်လာသည်။ဒီချိန်မှာ မြို့အုပ်မင်းဟာ သရဲတစေပင် ဖြစ်နေပါစေ...အသေးကောင်လေးဟာ တယုတယကို ဖက်တွယ်ထားဦးမှာ.....

"ကျုပ်ဖြင့် လွမ်းလိုက်ရတာ အသေးကောင်လေးရယ်..."

မြို့အုပ်မင်းဟာ သေနတ်မှန်လို့ တောင်ပေါ်က ပြုတ်ကျခဲ့ပေမဲ့ သူတော်ကောင်း နတ်ကောင်းမတယ်ဆိုသလို....အသက်သေသွားခြင်းမရှိခဲ့...ဆေးရုံမှာ လအနည်းငယ် အနားယူနေခဲ့ပြီးတဲ့နောက် အသေးကောင်လေးဆီ ပြန်မလာသေးပဲ ကိုယ့်လူမျိုးတွေ အတွက် အလုပ်ကိုသာ ကြိုးစားလုပ်နေကြောင်း ပြောတော့ ဝမ်းလည်းသာမိသလို..ဝမ်းလည်းနည်းမိပြန်သည်...

"ဒါဆို အစ်ကိုPat(ပတ်ပ်)က ကျွန်တော့်ကို ဘာဖြစ်လို့လိမ်တာလဲ..."

ရင်ခွင်ထဲက ဆူပုတ်ပုတ်မျက်နှာထားလေးနှင့် မေးလာတဲ့ အသေးကောင်လေးရဲ့ နှုတ်ခမ်းလေးကို မြို့အုပ်မင်းမှာ တယုတယ ငုံ့ကာနမ်းလိုက်ပြီး....

"အစကတော့ လူတိုင်းကျုပ်ကို သေပြီလို့ပဲ တွေးထားကြတာ အသေးကောင်လေးရယ်...Pat(ပတ်ပ်)တောင်မှ ကျုပ်အသက်ရှိသေးတယ်ဆိုတာ လွန်ခဲ့တဲ့လအနည်းငယ်လောက်မှ သိခဲ့တာပါ...ကျုပ်မပြောဖို့ရာ သူ့ကိုတောင်းဆိုထားလို့ သူကအသေးကောင်လေးကိုမပြောတာပါ...ကျုပ်မှာလေ အသေးကောင်လေးက ကျုပ်ကို မျိုးချစ်စိတ် မရှိဘူးလို့ပြောတိုင်းမခံချင်ဘူးသိလား...

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now