ရေဇလုံပေါ်ခေါင်းလေးလှန်ချကာ ခေါင်းလျှော်ခံဖို့အဆင်သင့်စောင့်နေတဲ့ jungkook..ခုံလေးယူကာ အနားမှာထိုင်လိုက်ပြီး Jungkook ရဲ့ ဆံပင်လေးတွေကို ဖွဖွလေးကိုင်ကာ လျော်ပေးလို့နေတဲ့ Taehyung.

ခေါင်းလျော်ပေးတဲ့ Taehyung ရဲ့ မျက်နှာလေးကို တချိန်လုံး ကြည့်နေတဲ့ jungkook ကြောင့် တချက်တချက်မျက်လုံးရောက်ရောက်သွားမိရင် မျက်လုံးလေးမှိတ်ပြနေပြန်တာကြောင့် Taehyung ဟာ မျက်မှောင်ကျုတ်ပြလို့..

" ဘာဖြစ်နေတာလည်း မျက်လုံးမှတ်ထား "

"အရမ်းချစ်နေတာလေ "

Taehyung မျက်လုံးမှိတ်ခိုင်းလို့ မျက်လုံးလေးမှိတ်ကာ ငြိမ်နေတဲ့ Jungkook..အဲ့လိုကျပြန်တော့ ခေါင်းလျော်ရင်းတခ်ခ်နဲ့ ရယ်နေတဲ့ Taehyung ကြောင့် Jungkook ဟာ မျက်လုံးပြန်ဖွင့်ကြည့်တော့မျက်နှာပိုးမသေ သေးတဲ့ Taehyung ဟာ ပိုလို့​ရယ်မိတော့အထိ..

" Tae ဘာလို့ "

" ခ်ခ် မင်းဆံပင် "

ခုမှ သူ့ဆံပင်ကိုသူပြန်ကိုင်ကြည့်တော့မှ ဆပ်ပြာမှုန့်တွေနဲ့ ပန့်ကေလုပ်ထားပြီး သဘောကျနေမှန်း သိရတော့သည်.

" Tae "

" စတာစတာ ပြီးတော့မယ် ရေဆေးပြီးရင်ပြီးပြီ "

" အင်း "

Taehyung တယောက် Jungkook ရေချိုးတော့မှာမို့ အခန်းထဲကမြန်မြန်ထွက်ဖို့ ခက်မြန်မြန်လေးလျှောက်လိုက်တာ အမြန်လိုရင်အနှေးနဲ့တွေ့ ဆိုသလို ရင်ခွင်ထဲ တန်းရောက်သွားရပြန်တယ် ..
မြန်မြန်လျှောက်လိုက်တာ ဖိနပ်က ချောကာ တခါထဲ ခြေပစ်လက်ပစ်ချော်လဲသွားလိုက်တာ ရေဇလုံထဲကို တန်းလို့...

ဗြွမ်းးးး

ရေဇလုံထဲကျတဲ့ အချိန်အလန့်တကြားလက်ထောက်လိုက်မိတာက Jungkook ရဲ့ six pack အပြည့် ဗိုက်သားပေါ်..သူထောက်မိထားကို ချက်ချင်းပြန်ရှုတ်သိမ်းလိုက်ကာ အသဲအသန်ထဖို့ပြင်နေတဲ့ Taehyung ကို သေချာကြည့်နေတဲ့ Jungkook.

" ရားး လက်တွေရေစိုကုန်ပြီ "

" Tae "

ရှက်လွန်းလို့ အသဲအသန်ထဖို့ပြင်နေချိန်မှာ Jungkook ရဲ့ ခေါ်သံကြောင့် လူကချက်ချင်းဆိုသလိုပင် ငြိမ်ကျသွားကာ ​ဖြေးဖြေးချင်းလှည့်
ကြည့်လိုက်တော့..သူ့ကိုသေချာစိုက်ကြည့်လို့နေတဲ့ Jungkook..

Impersonator Lover (complete) Where stories live. Discover now