Jungkook က တရိုတသေလေးပုံစံဖြေကာ စလိုက်တော့ သဘောတကျပြုံးလာတဲ့ အပြုံးလေး ဒီအပြုံးလေးနဲ့သာ မနက်တိုင်းနိုးထရမယ်ဆို နေ့ရက်တိုင်းက သာယာလှပလို့နေမှာအမှန်ပင်..အရင်ရက်က ကိုယ့်ဘာသာလုပ်တာလုံးဝအဆင်မပြေခဲ့တာ ခုမှပဲတကယ်ကိုအဆင်ပြေသွားတော့တယ်..

သွားတိုက်.. မျက်နှာသစ် မျက်နှာ သုတ်တာက အစ အစအဆုံးလုပ်ပေးတဲ့ Taehyung ..
အားလုံးပြီးလို့ ဘေစင်ပေါ်ကဆင်းကာ ထွက်သွားဖို့လုပ်နေတဲ့ Taehyung ..သူရှေ့က jungkook က မဖယ်ပေးပဲ သူမျက်နှာရှေ့တိုးလာတာကြောင့် ဘေစင်ကို နောက်ပြန်လက်ထောက်လိုက်မိတယ်...

" Jungkook "

ခါးလေးကိုဖတ်လိုက်ကာ မျက်နှာရှေ့တဖြေးဖြေးတိုးကပ်လာတဲ့ Jungkook ကြောင့် Taehyung မှာ မျက်လုံးလေးမှိတ်ချလိုက်မိသည်နှင့် တပြိုင်နက် အပေါ်နှုတ်ခမ်းလေးသို့ စုပ်ယူကနမ်းရှိုက်လိုက်တဲ့ အနမ်းတပွင့်...

ခဏတာ အနမ်းတို့ရပ်လိုက်ပြီးမှ တဖန် ကျရောက်လာပြန်တဲ့ အောက်နှုတ်ခမ်းလေးကို စုပ်ယူကာ နမ်းရှိုက်လာပြန်တယ်..အပေါ်နှုတ်ခမ်းအောက်နှုတ်ခမ်းတလှည့်စီနမ်းလာတဲ့ jungkook

Taehyung ရဲ့ လက်တို့ကလည်း ဘေစင်ကို လက်ပြန်ထောက်ထားရာကနေ Jungkook ရဲ့ လည်ပင်းတို့ကို သိုင်းဖတ်လိုက်ထားလိုက်ကာနှစ်ဦးသားမနက်ခင်းအနမ်းတပွင့်က ရှည်ကြာစွာနောက်ဆုံး နှုတ်ခမ်းလေးကို အသံမြည်အောင်ပေးပြီးမှ အနမ်းတို့ကို အဆုံးသတ်လိုက်ကြသည် .

*ပြွတ် *

" Tae ငါရေချိုးချင်တယ် အကျီချွတ်ပေးပါ
လား "

" အင်း လက်တော့ရေမစိုစေနဲ့နော် "

Jungkook ရဲ့အကျီကို ဂရုတစိုက်ချွတ်ပေနေသည်..အရပ်အမောင်းခြင်းကွာတာကြောင့် အပေါ်ကနေငုံ့ကြည့်နေတဲ့ Jungkook ဟာ Taehyung ရဲ့ နှာတံမြင့်မြင့် လေးကိုသာအထင်းသာမြင်နေရသည်..

" Tae "

"ဟင် "

မော့ကြည့်လိုက်တော့ Jungkook ကလည်းငုံ့ကာ
ကြည့်နေတာကြောင့် မျက်နှာခြင်းက အတော်လေးကို နီးကပ်နေတဲ့ အနေအထားတခု..

" ငါခေါင်းလျော်ချင်လို့ လျော်ပေးလို့ရမလား "

"အင်းလျော်ပေးမယ်လေ"

Impersonator Lover (complete) Where stories live. Discover now