''ကျေးဇူးနော်"
~~~~~~~~~~~~~~~~~~~~~~~~~
''နွယ် မင်းထွက်လာထဲက ဘာမှမပြောဘူးဘာဖြစ်တာလဲ"

''ဘာမှမဖြစ်ဘူး ဦးဆက်ကအရမ်းပျော်နေတယ်မလား"

''ဘာကိုပျော်ရမှာလဲ"

''မိန်းမတကာနဲ့ပလူးပြီး အိပ်ယာပေါ်ဘဲတင်ချင်တဲ့သူကအခုကြကလေးတောင်ယူတော့မှာဆို?"

ဖြန်း
ဆက်အာဏာရဲ့လက်ဖဝါးကြီးကတော့ နွယ့်ရဲ့ မျက်နှာပေါ်  အထင်းသား‌ကျရောက်သွားသည်။

''အာ့"

''မင်းငါ့ကိုလာမစော်ကားနဲ့ ငါကမိန်းမတကာကိုပလူးနေတာမင်းမြင်လို့လား"

''အော် ဦးဆက်က တွေ့တာမကြာသေးတယ် နွယ့်ကိုတောင်တင်သေးတာဘဲလေ"

''မင်း မင်းကွာ ငါ့သည်းခံနိုင်မှုကိုမဆွနဲ့ မင်းနာလိမ့်မယ်"

''အသားပေါ်နာတာထက် ရင်ထဲနာတာကပိုခံရခက်တယ် ဦးဆက်အာဏာ"

''မင်းငါ့မျက်စိအရှေ့ကထွက်သွားလိုက်တော့ သွား ခြံထဲမှာဘဲနေ"

''ဟင့် သွားမှာပါ ဦးဆက်သာအေးဆေးမမသွင်နဲ့နေခဲ့"
ဆောင့်အောင့်ကာထွက်သွားသောနွယ့်ကိုကြည့်နေရတာ ဆက်အာဏာစိတ်ထဲမသိုးမသန့် စိတ်ညစ်နေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထမင်းစားဝိုင်း‌တွင်

''အသွင်မင်းကိုမေးစရာရှိတယ်"

''ဟုတ်မေးလေကိုဆက် ဒါနဲ့ beef streakလေးက အရမ်းစားကောင်းတယ်နော်"

ဒုန်း
စားပွဲဝိုင်းကိုအားဖြင့်ထုလိုက်ကာ
''မင်းကိုငါနောက်စရာပြောနေတာမဟုတ်ဘူးနော်"

''ဟင် ကိုဆက် ‌သွင်တောင်းပန်ပါတယ် သွင်တကယ်ကြိုက်လို့ကြားဖြတ်ပြောမိသွားတာ"

''မင်းနွယ့်ကိုဘာပြောလိုက်လဲ"

''ဟုတ် နွယ့်ကိုမေးလိုက်တာပါ ကိုဆက်ကိုချစ်လားလို့မေးလိုက်တာ"

ချက်ချင်းပင်ဆက်အာဏာမျက်၀န်းတွေဝိုင်းဆက်ကာ

''သူဘာပြန်ပြောလဲ"

''အမ် သူက ပြောတယ် ကိုဆက်က သူ့အပေါ်ယုတ်မာတယ်တဲ့ ပြီးတော့ ကလေးလိုချင်လို့ တမင်အသုံးချတာတဲ့ နောက်တော့ပြောသေးတယ် သိလား ကိုဆက်ကို အရမ်းရွံ့တယ်ဆိုပြီး...

𝐀 𝐌𝐨𝐧𝐞 𝐂𝐡𝐨 𝐂𝐡𝐨 - အမုန်းချိုချိုWhere stories live. Discover now