ဆိုယွန်း ငါတော့ဝင်ကြည့်မိတာ မှားပြီလို့သိလိုက်တယ်။ သူတို့တစ်ခန်းထဲနေတယ်ပေါ့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဆိုယွန်း ငါတော့ဝင်ကြည့်မိတာ မှားပြီလို့သိလိုက်တယ်။ သူတို့တစ်ခန်းထဲနေတယ်ပေါ့..။

အဲလိုနဲ့ နောက်နှစ်ရက်နေတော့ ဘာဒါက ဒီနေ့ပြန်ရောက်မယ်လို့ လှမ်းပြောတယ်။

ဆိုယွန်းရုံးကဆင်းတော့ ဘာဒါရောက်နေပြီ။
ဆိုယွန်း ဘာမှမပြောပဲ အခန်းထဲဝင်ပြီး ရေချိုးမလို့လုပ်လိုက်တယ်။ ဘာဒါက လိုက်ဝင်လာပြီး လက်ကိုဆွဲတယ်။
''ဆိုယွန်း နှုတ်တောင်မဆက်ဘူး ကိုယ့်ကို
နည်းနည်းပါးပါးအဖက်လုပ်ပါဦး''
ဆိုယွန်းလက်ကိုရုန်းလိုက်ရင်း
''အင်းပါ ရေချိုးလိုက်ဦးမယ် ပင်ပန်းလာလို့''
''ဆိုယွန်း မင်းဘာဖြစ်ချင်နေတာလဲ
ပြော မင်းဖြစ်ချင်တာကိုပြော ဒီလိုလုပ်မနေနဲ့ ကိုယ်ဒီတိုင်းကြီးတော့မနေနိုင်ဘူး
ဟိုမွာ မင်းကိုဘယ်လောက်သတိရနေလဲ သိရဲ့လား''
ဆိုယွန်းက ခပ်မဲ့မဲ့လေးပြုံးလိုက်ရင်း
''ဟုတ္လား သတိရတယ္လား
သတိရတဲ့လူက စာတောင်မပို့ဘူးပေါ့''
''အဲဒါက မင်းမကြိုက်ဘူးထင်လို့လေ''
''မပို့ချင်လို့မဟုတ်ဘူးပေါ့
သတိရတာလည်းအကြောင်းရှိမှာပေါ့လေ ခဏခဏအိပ်ဖူးတော့ တိုက်ဆိုင်တာလေးတွေရှိမှာပေါ့''
''ဘာ!! ဘာစကားပြောတာလဲ''မေးရင်း ဘာဒါက ဆိုယွန်းကို သူ့ဘက်ဆွဲလှည့်လိုက်တယ်။
''ရှင်တို့လေ တစ်ခန်းထဲနေကြတာမလား ရပါတယ် တစ်ခန်းနေရင်တော့အိပ်ဖြစ်မှာပဲ ကျမနဲ့လည်းအဲလိုပဲကို''
''ဆိုယွန်း မင်းလွန်လာပြီနော် အဲလိုမစွပ်စွဲနဲ့
ငါဘာမဟုတ္တာမွမလုပ္ထားဘူး ဘယ်သူနဲ့မှလည်းတစ်ခန်းထဲမနေဘူး ဘယ်သူနဲ့မှလည်းမအိပ်ဖူးဘူး မင်းနဲ့ကလွဲလို့
ငါ့ခေါင်းထဲတစ်ခြားတစ်ယောက်လည်းမရှိဘူး မင်းပဲ တခြားတစ်ယောက်ကိုတွေးပြီး.. ကျစ်
အေး ကွာပေးစေချင်တာမလား မဟုတ်တာတွေလျှောက်ပြောမနေနဲ့ ဒဲ့ပဲပြောလိုက်တော့ ကွာပေးမယ်''
သူက ကွာမယ်လို့ပြောမယ်ဆိုတာ ထင်ပြီးသားဆိုပေမယ့် တကယ်တမ်းကြားလိုက်ရတော့ ဆိုယွန်းအဆင်မပြေပါ။ သူ့လက်တွေကိုအတင်းဖြုတ်ချပစ်ပြီး ရေချိုးခန်းထဲပြေးဝင်ခဲ့တယ်။ ရေပန်းအောက်မှာထိုင်ငိုပြီး တစ်နာရီနီးပါးကြာသွားတယ်။ ခါတိုင်းရေချိုးလို့ကြာရင် တံခါးလာခေါက်ပြီးခေါ်နေလူက ပေါ်မလာတော့ ပိုဝမ်းနည်းရတယ်။

ချစ်မိသော ပင်လယ် Where stories live. Discover now