သူ၏ အဖြစ်ကိုသတိထားမိသွား‌ေသာဂျယ်ယွန်းမှာ ‌ကြောက်လဲကြောက်သလို ရှက်ရွံ့ထိတ်လန့်စွာနှင့် ထိုသူ့နှင့်ဝေးသွားစေရန် အတင်းရုန်းကန်နေမိတော့သည်။

သို့သော် ပွေ့ဖက်ထားခံရခြင်းမှ လွတ်မြောက်သွားခြင်းမရှိဘဲ ပိုပြီးရုန်းကန်လေ ပိုလို့တိုးပြီး တင်းကြပ်စွာအဖက်ခံထားရလေဖြစ်‌‌လို့နေသည်။

ဂျယ်ယွန်းမှာ သူ့ကို ခွဲခွာမရအောင် နီးကပ်တင်းကြပ်စွာ အရူးအမူးပွေ့ဖက်ထားသည့်သူအား ဒေါသတကြီးဖြင့် မော့ကြည့်လိုက်လေသည်။

ထိုအခိုက်အတန့်တွင်ပင် သူနှင့်ရင်းနှီးနေပြီးသား မျက်နှာချောချောတစ်ခုက သူ၏ မြင်ကွင်းထဲ‌၀င်ရောက်လာတာကြောင့် သူ၏ လှုပ်ရှားမှုများရပ်တန့်ကာ ကြောင်အအလေး ရပ်နေမိသည်။


ဆောင်းဟွန်းက ဂျယ်ယွန်းမျက်နှာနားသို့ပိုမို ငုံ့ကိုင်းလိုက်ရင်း  ဂျယ်ယွန်း၏ နားနားကပ်ကာ တီးတိုးပြောလိုက်သည်။


"မရုန်းပါနဲ့ ဂျယ်ယွန်းရယ်

ကျေးဇူးပြုပြီး ကိုယ့်ကို မငြင်းပယ်ပါနဲ့လား"

ရင်းနှီးနေသော အသံနိမ့်နိမ့်က ဂျယ်ယွန်းနားထဲ၀င်ရောက်လာသည်နှင့်အတူ ဆောင်းဟွန်း၏ ထွက်သက်နွေးနွေးက သူ့နားရွက်ဖျားကို ကျီစားသွားသဖြင့် ဂျယ်ယွန်းနားရွက်ဖျားလေးပူကျစ်သွားသည်။

သူက အံ့အားသင့်လွန်းသဖြင့် နှုတ်ခမ်းပါးလေးမှာ ခပ်ဟသပွင့်လျက် ဆောင်းဟွန်းကို မျက်လုံးဝိုင်းလေးဖြင့်ကြည့်နေမိသည်။

ဆောင်းဟွန်းမှာ သူ၏တည်ငြိမ်သော အမူအရာပျောက်ဆုံးနေပြီး စိတ်လွတ်နေသည့် သူတစ်ယောက်လို ဂျယ်ယွန်းခါးကို တင်းကြပ်နေအောင်ပွေ့ဖက်လျက် "ကိုယ့်ကို မစွန့်ပစ်ပါနဲ့ မငြင်းပယ်ပါနဲ့"ဆိုသည့်စကားတွေကိုသာ ထပ်ခါထပ်ခါရေရွတ်နေသည်။


ဂျယ်ယွန်းက ဆောင်းဟွန်း၏ ပုံစံမှာတစ်ခုခုမှားနေဟန်ပေါ်တာကြောင့် အံ့အားသင့်နေတာပင်ပျောက်သွားပြီး ချက်ချင်းအဖြေပေးလိုက်ရသည်။


"တောင်းပန်ပါတယ် သခင်လေးပတ်ခ်မှန်းမသိလိုက်လို့ပါနော်

စိတ်လျှော့ပါဦး ခင်ဗျားကို ကျွန်တော်မငြင်းပယ်ပါဘူး"


𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now