Prologue

592 40 2
                                    

ပူပြင်းသောနွေရာသီညတစ်ညတွင် 'ပျော်ရွှင်ခြင်း' ဟူသော အနီရောင်စာလုံးကို ကပ်ထားသည့် ဇီးပန်းအဆောင်၏ တံခါးနှင့် ပြတင်းပေါက်သည် တင်းကျပ်စွာ ပိတ်ထားသည်။

အတွင်းက အနီရောင်တောက်တောက်မင်္ဂလာဖယောင်းတိုင်များသည် အခန်းတစ်ခုလုံးကိုနွေးထွေးတဲ့အနီရောင်ခံစားချက်မျိုးပေးသည်။ ဒါပေမဲ့ အနီရောင်မင်္ဂလာဝတ်စုံကိုဝတ်ဆင်ထားပြီး စန္ဒကူးသားမှန်မှာမှီထားလျက်ရှိသည့် ရှုဟွမ်သည် ဒီအနီရောင်တောထဲမှာ သွေးဆုတ်ဖြူလျော်‌သည့်မျက်နှာရှိနေဆဲပင်။

မိုးရေလိုတစက်စက်စီးကျနေတဲ့ ချွေးစက်များသည် သူမမျက်နှာပေါ်ကမိတ်ကပ်ထူထူကို ရှင်းလင်းသွားခဲ့သည်။ အသက်ပြင်းပြင်းရှူနေရင်း သူမနှလုံးသည်ပေါက်ကွဲ‌ထွက်တော့မတတ် အရမ်းဖိစီးသလိုခံစားရသည်။ ဒါပေမဲ့ ဒီလိုဖြစ်နေတာတွေက ပူနွေးနေတာကြောင့်မဟုတ်ဘူး။ အထိတ်တလန့်ဖြစ်နေတာ။ အကြောက်တရားပဲ။ သူမလက်တွေနဲ့ခြေထောက်တွေသည် ဆောင်းတွင်းမှာနှင်းကိုင်ထားသလိုမျိုး အေးစက်နေပြီး အနွေးဓာတ်တစ်စက်တောင်မရှိပေ။

အိပ်ရာပေါ်ကအဲ့ဒီလူ....အဲ့ဒီလူက...

သူ့လက်ဖဝါးကအပူချိန်ကသူမထက်တော့မြင့်တယ်ဆိုပေမဲ့ သူ့မျက်နှာကသွေးဆုတ်ဖြူဖျော့နေပြီး အသက်မရှူဘူး!

ဒါကသူမလက်ထပ်ခဲ့တဲ့လူပဲ။ 'ပျော်ရွှင်စရာအဖြစ်အပျက်' ကသူ့ရဲ့ကံဆိုးခြင်းတွေကိုမောင်းထုတ်‌ပေးပြီး သူ့ရဲ့နာလန်ထူခြင်းကိုမြန်ဆန်စေလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့စီစဉ်ထားတဲ့အိမ်ထောင်ရေးကြောင့် သူမလက်ထပ်ခဲ့တဲ့လူဖြစ်သည်။ လက်ထပ်ထိမ်းမြားတဲ့နေ့မှာပဲ မင်္ဂလာခန်းထဲမှာဘယ်လိုလုပ်ပြီး သေသွားနိုင်ရတာလဲ?

ရှုဟွမ် နောက်တစ်ကြိမ်ရဲရင့်စွာအရှေ့တိုးပြီး ကုရှီရန်အသက်ရှူနေလားလို့ လှမ်းစမ်းလိုက်သည်။ ဝင်သက်ထွက်သက်နည်းနည်းလေးတောင် သူမတကယ်မခံစားရပေ။

သူမနှုတ်ခမ်းသားနီတာရဲလေးကိုကိုက်ပြီး သွေးထွက်သည်အထိ အမှတ်ရာချန်ထားခဲ့သည်။ ဒါပေမဲ့ သူမမှာမငိုရဲသေးသလို အော်ဖို့ကြောက်နေမိသည်။ လက်ထပ်တဲ့ညမှာ သတို့သားကရောဂါကြောင့်သေသွားတယ်။ သူမဘယ်လိုအသက်ဆက်ရှင်ရမှာလဲ?

ပျော်ရွှင်မှုကိုရှာဖွေခြင်းWaar verhalen tot leven komen. Ontdek het nu