Chapter 14: ခွံ့ကျွေးပါ-၁

613 81 1
                                    


Chapter 14: ခွံ့ကျွေးပါ-၁

မျိုးစေ့ကြဲပြီးသည်နှင့်လယ်ယာစိုက်ပျိုးခြင်းက ပြီးမြောက်သွားသည် မဟုတ်။ မျိုးစေ့တစ်ခုအပင်ပေါက်လာရန် ရေအများအပြားလိုအပ်သည်။ တစ်ခါတစ်ရံတွင် တစ်ညလုံးစောင့်ကြည့်နေဖို့လိုအပ်သည်။ ဤတစ်ခေါက် စိုက်ခင်းကိုတစ်ညလုံးစောင့်ကြည့်ရန် တာဝန်ကျလာသည့်မိသားစုမှာ ဝေ့မိသားစုဖြစ်သည်။

မိသားစု၏ဦးစီးခေါင်းဆောင်ဖြစ်သော ဝေ့ကျန်းရှင်း နှင့် အကြီးဆုံးသားဖြစ်သူ ဝေ့ကျန့်ကုန်း တို့နှစ်ဦးသား စိုက်ခင်းဆီသို့ထွက်ခွာသွားကြသည်။

ညစာစားပြီးချိန်တွင် အပြင်ဘက်ပတ်ဝန်းကျင်တစ်ခုလုံးက လင်းထိန်နေသေးသည်။ အချို့က မိမိတို့ခြံဝင်းထဲရှိအရိပ်ရသည့်အပင်အောက်ကွပ်ပျစ်ပေါ်တွင်ထိုင်ကာ လက်ဖက်ရည်ကြမ်းတစ်ခွက် နှင့် စကားဖောင်ဖွဲ့ပြောဆိုနေကြသည်။ အချို့ကမူ အိမ်နီးနားချင်းများဆီသို့ကူးလူးလည်ပတ်ကြသည်။

ယောက္ခမဖြစ်သူက မနေ့လေးတင်မှအိမ်ခန်းထဲရှိ ဝါးကုတင်တစ်လုံးကိုအစားထိုးချင်သည် ဟု ဆိုလာသည်။ နွေရာသီနေ့လည်ပိုင်းတွင် ထိုဝါးကုတင်ပေါ်တွင် ယောက္ခမကြီး က တစ်ရေးတစ်မောအနားယူလေ့ရှိသည်။ ညနေစောင်းပိုင်းတွင်လည်း လေလေးတဖြူးဖြူးနှင့်ဇိမ်ခံတတ်သည်။

သို့သော် ဆောင်းဝင်လာသောအခါ ဝါးကုတင်၏ခြေထောက်တစ်ချောင်းက ခြစားမှု

ကြောင့် ဆွေးမြေ့ယိုယွင်းလာသည်။

ဝေ့ကျန့်ဝေ့ သည် မိုဆိုဝါးပင်ကိုခုတ်၍ အိမ်ရှိဆွေးမြေ့ကျိုးပျက်နေသည့် ဝါးကုတင်ခြေထောက်ကို အသစ်တစ်ခုအစားထိုးရန်ပြင်နေသည်။

ဝေ့ကျန့်ဝေ့ သည် အလုပ်လုပ်နေစဥ်တွင် ဟဲ့ရှောင်ယွင်က ယောက္ခမဖြစ်သူ ဝမ့်ချွန်ဟွား အပြင် ခဲအို၏ဇနီးသည်ဖြစ်သူ ဖုန်းချိုးယွဲ့ နှင့် လည်း စကားဖောင်ဖွဲ့၍ ထွေရာလေးပါးပြောဆိုနေသည်။ ကလေးငယ် ဝေ့ယွမ်ဟန် ကမူ ခြံဝင်းထဲဟိုဟိုဒီဒီပတ်ပြေးကာ ဆော့ကစားနေသည်။

"ရှောင်ယွင်...ညီမတို့ဦးလေးရဲ့မိသားစုကချွေးမလိုချင်နေတယ်ဆို...အစ်မအဲ့လိုကြားလာတယ်"ဖုန်းချိုးယွဲ့ က ရုတ်တရက်မေးလာသည်။

MMtrans-9 : တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းحيث تعيش القصص. اكتشف الآن