'Chapter 5: ဘာကြောင့်လဲ?

876 122 3
                                    

'Chapter 5: ဘာကြောင့်လဲ?

နေ့လည်စာစားပြီးနောက် သူတို့သုံးဦးထွက်ခွာလာကြသည်။ လီယွဲ့ကွေ အိမ်ပြန်ယူသွားရန်အတွက် အာလူးအပြည့်ပါသောတောင်းကြီး တစ်တောင်းထည့်ပေးလိုက်သည်။

အိမ်အပြန်လမ်းတစ်လျှောက်လုံးတွင် ဟဲ့ရှောင်ယွင် စကားများများစားစားမပြောပေ။ သူ(မ) ၏စိတ်အခြေအနေကိုခန့်မှန်းမိပုံရသော ကလေးငယ် က အလာတုန်းကလောက်ဂျစ်မတိုက်တော့ပဲ ဝေ့ကျန့်ဝေ့ နှင့် သူ(မ) ၏လက်တစ်ဖက်ဆီကိုဆွဲထားကာ တွဲလဲခိုစီးနေသည်။

ကလေးငယ် ၏နေလောင်ခံထားရသောမျက်နှာလေးကို ဟဲ့ရှောင်ယွင် တစ်ချက်ကြည့်လိုက်မိသည်။ ထို့နောက် အသက်ပြင်းပြင်းရှူသွင်းကာ ဖြေးဖြေးချင်းရှူထုတ်လိုက်မိသည်။ စိတ်ဓာတ်ကျစေသည့်အတွေးအားလုံးကို လေနှင့်အတူရှူထုတ်လိုက်ပြီး ဝေ့ကျန့်ဝေ့ ကိုလည်းတိတ်တဆိတ်လှမ်းကြည့်လိုက်မိသည်။

"အဆင်သင့်ဖြစ်ပြီလား...လေယာဥ်ပျံကြီးစတင်ထွက်ခွာပါတော့မယ်"။

ဝေ့ကျန့်ဝေ့ ကလေးငယ် ဝေ့ယွမ်ဟန်၏လက်ကိုပင့်ကိုင်ပြီးခေါင်းညိမ့်လိုက်သည်။

"ပျံတော့"။ ဟဲ့ရှောင်ယွင် စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ရင်း ကလေးငယ် ၏လက်မောင်းကိုကိုင်ဆွဲကာ အရှေ့တည့်တည့်သို့တစ်ရှိန်ထိုးပြေးလေသည်။

ဟဲ့ရှောင်ယွင် နှင့် ဝေ့ကျန့်ဝေ့ တို့ကလက်မောင်းမှဆွဲမကာတစ်ဟုန်ထိုးပြေးသောကြောင့် ဝဝကစ်ကစ် ကလေးငယ် လေးမှာလေထဲမြှောက်နေသည်။ တစ်အောင့်လောက်အကြာတွင် ကလေးငယ် ထံမှအသံစူးစူးလေးထွက်လာသည်။

"လေယာဥ်ပျံကြီးလာနေပြီ...လေယာဥ်ပျံကြီး...ဝူး"။

လေပေါ်မြှောက်ကာတွဲလဲခိုလျက်ပါးစပ်ကလည်းတစ်ဝူးဝူးအော်နေသည့် ကလေးငယ် ကိုတွေ့သည့်လူတိုင်းက ရယ်မောသွားကြသည်။

လမ်းလျှောက်နေသည့်အတောအတွင်း ဟဲ့ရှောင်ယွင် ဘာမှမခံစားရသော်လည်း ခဏနားသောအခါ သူ(မ) ၏လက်မောင်းတစ်ခုလုံးကနာကျင်ကိုက်ခဲနေသည်။ ကလေးငယ် က အဝလွန်နေခြင်းဖြစ်ရမည်။

MMtrans-9 : တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းDove le storie prendono vita. Scoprilo ora