သက်တော်စောင့်များ စောင့်ကြပ်ခံနေရသော သီးသန့်ခန်းအတွင်းတွင်တော့...


"အမတ်ချုပ်ကြီးလီ ရောက်လာပြီလား"


အမတ်ကြီးမှာ ဝိုင်ခွက်ကိုချကာ သူ့ကို ပြုံးပြရင်း လှမ်းနှုတ်ဆက်သည့် မင်းသားအားကြည့်ကာ အရိုအသေပေးရင်း နေရာတွင်၀င်ထိုင်လိုက်သည်။



"အိမ်ရှေ့စံမင်းသား အစစအရာရာဟာ ကျွန်တော်မျိုးတို့ စီစဉ်ထားတဲ့အတိုင်းရှိရဲ့လား"



ရုပ်ရည်ကြည့်ကောင်းပြီး ရည်မွန်ပုံပေါ်သော အိမ်ရှေ့မင်းသားက ခပ်စစပြုံးကာ အမတ်ကြီး၏ ခွက်အတွင်းသို့ သေရည်များငှဲ့ပေးလိုက်သည်။



"အမတ်ချုပ်ကြီးက အသက်ကြီးလာလို့ထင်တယ် အတော်ကိုတွေးပူတတ်ရန်ကော

ကျွန်တော်တို့စီစဉ်ထားတာ အကုန်စေ့စပ်ပြီးသားပါ အဆင်မပြေစရာဘာရှိနိုင်‌ေသးလို့‌လဲ"



"မင်းသားပြောချင်တာက တတိယမင်းသား အမှန်တကယ်ဆုံးပါးသွားပြီဆိုတဲ့အကြောင်းလား"


အိမ်ရှေ့စံက လှောင်ပြုံးပြုံးရင် နှာခေါင်းရှုံ့လိုက်သည်။



"နန်းတော်ကတော့ ဘာသီတင်းမှမကြားပါဘူး မင်းကြီးက
သူ့ရဲ့ချစ်လှစွာသော သားအ‌ေကြာင်း စုံစမ်းဖို့အထောက်တော်တွေ အပူတပြင်းလွှတ်နေတာပဲလေ

အဘိုးကြီးက အခုတလော ညီလာခံတောင် မှန်အောင်မတတ်နိုင်ဘူးဆိုတော့ သူ့သားရဲ့အလောင်းကိုမတွေ့သေးလို့ စိတ်ပူနေရှာမှာပေ့ါ"



အမတ်ချုပ်က သေရည်ကိုမော့သောက်လိုက်သဖြင့် လည်ချောင်းတစ်လျှောက်ပူဆင်းသွားပြီး စိတ်မအေးမှုကြောင့်သူ့ခမျာရင်ပါပူလာသလိုပင်။


"ကျွန်တော်မျိုး စိတ်မချလို့ထပ်မေးပါရစေ တတိယမင်းသားသေဆုံးသွားတာ သေချာပါရဲ့လား"


"ဟားဟား အမတ်ကြီးက တယ်လဲ ဟာသပြောတတ်တာပဲ

ကျွန်တော်တို့ရှာတွေ့ထားတာ သွေးဆွေးမြေ့အဆိပ်လေ

မိုးညဘက်က အဆိပ်ဖြေဆေးမရခဲ့ရင် အသက်ရှင်ဖို့လမ်းမှမရှိတာ

𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now