အခန်း(၆) ရှဲ့ရှဲ့ ရှဲန်းရှန့် ( ကျေးဇူးတင်ပါတယ် လူကြီးမင်း)

2.3K 407 7
                                    

အခန်း(၆) ရှဲ့ရှဲ့ ရှဲန်းရှန့် ( ကျေးဇူးတင်ပါတယ် လူကြီးမင်း)

ကြမ်းပြင်သည် အေးစက်လွန်းလှသည်။ အရူးလေး၏ မျက်ရည်များသည် အထိန်းအကွပ်မရှိ ဆက်တိုက် ကျဆင်းလာလေတော့၏။

စာရွက်စာတမ်းကိုဖတ်ပြီးနောက် အရပ်ရှည်ရှည်သွယ်သွယ် အိုမီဂါသည် ဖိုင်ကို လှောင်ထေ့သောအမူအရာဖြင့် ဖယ်ထုတ်လိုက်ပြီး၊ အရူးလေးအား သူ့မျက်လုံးများထဲတွင် အထင်အမြင်သေးမှုများနှင့် ကြည့်နေလေသည်။

အရူးလေးသည် အလွန်ရှက်ရွံ့သွားသလို ခံစားလိုက်ရလေသည်။

ရုတ်တရက် လူတစ်ယောက်သည် အရူးလေးကို အဝတ်တစ်ထည်နှင့် ‌အပေါ်မှအုပ်လိုက်ပြီး၊ သူ မော့ကြည့်လိုက်သောအခါ သူ့အိမ်ထောင်ဖက်ကို အေးစက်နေသော မျက်နှာနှင့် တွေ့လိုက်ရလေ၏။

အိုး၊ မဟုတ်ဘူး။

သူ့တို့ကို အိမ်ထောင်ဖက်လို့ နောက်ထပ်မခေါ်နိုင်တော့ဘူးလေ။

သူ့မှာ အိမ်ထောင်ဖက်မရှိတော့သလို မိသားစုလည်း တစ်ယောက်မှမကျန်တော့ဘူးပဲ။

အရူးလေးသည် ခေါင်းလေးကိုငုံ့ကာ ကိုးရိုးကားရားဖြင့် သူ့မျက်နှာကို ပြုစုပျိုးထောင်ရန် အလွန်ကြိုးစားခဲ့ရသော အသားပြည့်ပြည့် လက်လေးများနှင့် သုတ်လိုက်လေ၏။

အရူးလေး ငိုလို့မရဘူး။

အယ်လ်ဖာသည် ဆောင့်ကြောင့်ထိုင်လိုက်ကာ နောက်ဆုံးတွင် သူ့လက်များမှ ဒဏ်ရာများကို တွေ့လိုက်ရလေသည်။

"ဒါ ဘယ်သူလုပ်တာလဲ" အယ်လ်ဖာသည် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်သွားပြီး၊ အရူးလေး၏ ဒဏ်ရာရနေသော လက်ကို ဆွဲယူလိုက်ပြီး သူ့လေသံသည် လူတစ်ယောက်ကို အေးခဲသွားစေလောက်‌‌သည်။

ရှန့်ကျစ်သည် သူတို့အိမ်မှ ကန့်သတ်ထားသည့် "မဖိတ်ခေါ်ထားသော ဧည့်သည်များ" ဖြစ်သည့် လူနှစ်ယောက်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် မထိန်းချြပ်နိုင်လောက်အောင် ဒေါသများတောက်လောင်နေလေ၏။ မစ္စရှန့် လာနေသည်ဟုကြားပြီးနောက် အယ်လ်ဖာ၏ နှလုံးသားထဲတွင် တားမြစ်ထားသည့် ခံစားချက်တစ်ခုရှိနေခဲ့၏။

အရူးလေးလက်ထပ်တော့မယ် 《 မြန်မာဘာသာပြန် 》Where stories live. Discover now