ထိုချိန် လှုပ်လှုပ်ရွရွဖြစ်လာတဲ့ hyung က နိုးသွားပုံပေါ်သည်၊ကုတင်ထက်တွင် သူကို စိုက်ကြည်နေတဲ့ jungkook ကိုတွေ့လိုက်ရတော့ ရုတ်တရက်မို့အနည်းငယ်လန့်သွားသည်၊ပြီးမှ စိတ်ပူကာ

"Jungkook နိုးလာပြီးလား "

seokjinအမေးကို jungkook ပြန်မဖြေဘဲ တွေတွေကြီးသာ စိုက်ကြည်နေမီသည်၊ jungkook ရဲ့အကြည်တိုထဲ တွင် ဝမ်းနည်းရိတ်တွေ ဖြတ်သန်းနေသည်ကို seokjin တွေ့လိုက်သည်၊

ညကသူဘာတွေလုပ်ခဲ့တာလဲ ၊ hyung ကဘာလို့ ငိုထားသလို ဖြစ်နေရတာလဲ၊ တစ်ရေးရေးနဲ့ညကအကြောင်းကိုမှတ်မိလာသည်၊ ညက ဒေါသထွက်ထွက်နဲ့ သူအပိုင်ဖြစ်တဲ့ barကို သွားခဲ့သည်၊ခံပြင်းလွန်းသည် hyung ကသူမှ လက်ထပ်ရမဲ့သူရှိတာကို ဘာကြောင့်လျှို့ဝှက်ထားရတာလဲ၊ စိတ်တိုနေတာကြောင့် အရက်တွေကို အများကြီးသောက်နေလိုက်သည်၊ရင်ထဲကအပူတွေများငြိမ်းမလားဆိုပြီး သောက်လေ ပိုပြီးပူပြင်းလေးဖြစ်နေသည်၊ ထိုချိန် သူအနား လူတစ်ယောက်ရောက်လာသည်၊အရပ်မြင့်မြင့် ဖြူသော
အသားရေရှိသည့် ထိုသူက သူနဲ့တစ်ခါမှ မဆုံဖူးမသိဖူးသော သူစိမ်းတစ်ယောက်သာဖြစ်သည်၊သောက်ထားသောအရက်ကြောင့် လူက မှုးဝေနေတာမို့ ထိုလူရဲ့မျက်ကို သေချာအာရုံစိုက်မကြည်နိုင်ပေမဲ့ အနည်းငယ်စူးစူးစိုက်စိုက်ကြည်လိုက်သည်၊ သွယ်တန်းနေတဲ့ အနက်ရောင်မျက်ခုံးတူတူတွေ၊ နှာတံဟာ ချွန်သလိုနဲ့ နှာထိပ်ကအနည်းငယ်ကောက်‌ေနသည်၊ ပြုံးလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ နှုတ်ခမ်းဘေးသားများနဲ့ ပါးချိုင့်လေးဟာ ထိုလူကိုကြည်ကောင်းနေစေသည်၊ ထိုလူသည် ကိုရီးယားလူမျိုးနဲ့မတူဘဲ အမေရိကန်နိုင်ငံသားနဲ့ခပ်ဆင်ဆင်ဖြစ်သည်၊ ထိုလူသည် သူတွင်ပါလာသော ဆေး တစ်မျိုးကို သုံးကြည်ဖို့ မြူဆွယ်သည်၊ jungkook လဲ စိတ်ဓာတ်ကျနေသည်မို့ ထိုအရာကို သုံးကြည်ဖို့စိတ်ကလွန်ဆွဲနေသည်၊ ဒီလိုမျိုးသူလုပ်နေတာ hyung သိရင် hyung ကြိုက်မှမဟုတ်၊

"ကျစ်"

သူအတွေးကို အလိုမကျသလို ကျစ်တစ်ချက်သက်လိုက်သည်၊ရင်ထဲက အပူတွေကို မတားဆီးနိုင်တာကြောင့် ထိုမူးရစ်ဆေးခြောက်ကို jungkook စတင်သုံးစွဲလိုက်သည်၊ဆေးရှုသည့် အပြင် အရက်ကိုပါ အလွန်ကျွံသောက်နေတဲ့ jungkook ဟာ အသိရတစ်ချက်မရတစ်ချက်သာရှိတော့သည်၊ ထို barရဲ့ ဝန်ထမ်းလေးဆီ ဖုန်းရသည်နှင့် Jimin လဲ အမြန်လိုက်သွားသည်၊ jungkook ပုံစံကိုခဏကြည်လိုက်ပြီ ပြီးကာ ထိုbarကဝန်ထမ်းတွေမေးသည်၊ အကြောင်းစုံသိသွားသည်အခါ Jimin မှ အတော်ကိုစိတ်ပူသွားသည်၊ seokjin ကိုလဲ ဖုန်းဆက်က သတိမရတော့တဲ့ jungkook ကို အိမ်သို့ခေါ်သွားသည်၊ဆေးရုံတက်ရလောက်တဲ့အထိ အခြေနေမဆိုးတာကြောင့်ရော အချိန်ပြည့်ဂရုစိုက်လိုရအောင်ပါ family doctor နဲ့သာ ဆေးကုခဲ့သည်၊မေ့နေတဲ့တစ်လျှောက်လုံး seokjin မှမနားမနေဂရုတစိုက်စိုက်နဲ့လုပ်နေခဲ့သည်မို့ အခု seokjin လဲ အားနည်းကာပင်းပန်းနေသည်၊ သူလက်တွေကို ဆုပ်ကိုင်ပြီး ဝမ်းပန်းတစ်နည်းငိုနေခဲ့သည်ကို ယခု သတိရလာတဲ့ jungkook တော့ သိပုံမပေါ်၊

ကျွန်တော်ချစ်သောhyung(complete )Wo Geschichten leben. Entdecke jetzt