ရှောင်းကျန့်တစ်ယောက် သူ့ကိုမုန်းသည်ဟုပြောသော ရိပေါ်ရဲ့စကားကြောင့် သူ့စိတ်တွေ မထိန်းနိုင်ကာ ငိုသံထွက်လာမည်စိုး၍ လက်ဖြင့် ပါးစပ်ပိတ်ကာ ကြိတ်ငိုနေရသည် ။ ဖုန်းချသွားသော ရိပေါ်ကတော့ နားကျည်းကာ ငိုသံစွတ်စွတ်ဖြင့် ။ ကျန်ခဲ့သော ရှောင်းကျန့်ကတော့ နာကျင်စွာငိုကျွေးရင်း သူ့ကိုယ်သူအပြစ်တင်နေသည်

"ကိုကိုရယ် ကျွန်တော့်ကို မမုန်းလိုက်ပါနဲ့  ကျွန်တော်မှားတာ ကျွန်တော်သိပါတယ် ဒါပေမယ့်.....ကျွန်တော့်မှာ ရွေးချယ်စရာလမ်းမရှိဘူး ကိုကို........ကျွန်တော် ရွေးတဲ့လမ်းက မှားနေခဲ့ရင်တောင် အဲ့လမ်းက အဖေ့အတွက် ကောင်းမွန်မယ့်အရာဆိုရင် ကျွန်တော်ဆက်ရွေးချယ်နေမှာပဲကိုကို.....ကျွန်တော့်မှာ အဖေမရှိတော့ရင် အားကိုးစရာမရှိတော့ဘူး.....ကျွန်တော့်ရဲ့တစ်ဦးတည်းသော ခင်တွယ်ရာမို့လို့ပါ ကျွန်တော့်ကို နားလည်ပေးပါကိုကိုရယ်....."

ဟုတ်ပါတယ် ရှောင်းကျန့်က ရှောင်အိမ်တော်ရဲ့ သားအရင်းမဟုတ် မွေးစားသားပင် ။ ရှောင်လူကြီးမင်းကလည်း စီးပွားရေးအခြေမခိုင်တော့တာကြောင့် ဒါကိုသိနေတဲ့‌ကွမ်းယောင်က ထောက်ပံ့ပေးပြီး အကျိုးတူစီးပွားရေး လုပ်နေကြတာပင် ။ ရှောင်းကျန့်က သူ့မွေးစားအဖေကို သိပ်ချစ်သည် ။

သူ ရိပေါ်ကို ကစားချင်ရုံ စနောက်တွဲခဲ့ပေမယ့်လည်း ရိပေါ်ရဲ့ ယုယကြင်နာမှု ၊ အလိုလိုက်မှု၊ နွေးထွေးမှုနဲ့ အချစ်တွေကြောင့် သူရိပေါ်ကို တကယ်ချစ်မိသွားသည် ။ ရိပေါ်က ကွမ်းယောင်ထက် အရာရာသာနေပေမယ့်လည်း သူ့အဖေက ကွမ်းယောင်မှ ကွမ်းယောင်ဖြစ်နေတော့ သူ့မှာ ရွေးချယ်စရာလမ်းမရှိပေ။ ရှောင်းကျန်းတစ်ယောက် ငိုနေရုံမှလွဲ ဘာမှမတက်နိုင်ခဲ့

................................................................................

>>လေဆိပ်၌<<

"ရိပေါ်  မင်းတကယ်ပဲ သွားတော့မလို့လား"

"အင်း"

"ဟင်းးး အင်းပါ  ဟိုရောက်ရင် ငါ့ကိုစာပို့ဦး မင်းကိုယ်မင်း အားရှိအောင်နေ စိတ်လိုက်မာန်ပါ ဘာမှမလုပ်နဲ့ ကြားလား"

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now