"ရှောင်းကျန့်ကရော ကိုယ့်အပေါ် တစ်သ-က်လုံးသစ္စာရှိရှိ ချစ်ပေးနိုင်မလား?"

"ဒါပေါ့ ကိုကိုရဲ့  ကျွန်တော်ကလေ ကိုကို့ကိုအရမ်းချစ်တာ ကျွန်တော့်ဘဝမှာလေ ကိုကို့ကိုပဲ အချစ်ဆုံးပါ ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှ ချစ်လို့မရဘူးကိုကို"

ရိပေါ် ရှောင်းကျန့်ကိုကျစ်နေအောင် ဖက်ထားကာ

"ကိုယ့်ကို မထားသွားရဘူးနော်"

"ဘာတွေလျှောက်တွေးနေတာလဲကိုကိုရယ် ကျွန်တော်ကလေ ကိုကို့ကို ဘယ်တော့မှ ထားမသွားဘူး အရမ်းချစ်တယ်"

"ကိုယ်လည်းမင်းကို အရမ်းချစ်တယ်ရှောင်းကျန့်"

…………………….........................................................

ကျောင်းဆင်းတော့ ရိပေါ်  ကျောင်းရှေ့မှာ ရှောင်းကျန့်ကိုစောင့်နေသည် ။ ရှောင်းကျန့်လည်း သူ့သူငယ်ချင်းတွေနဲ့ ရယ်မောကာ စကားပြောရင်း ရိပေါ်ကိုတွေ့တော့ ကားထဲသို့ ဝင်လာလိုက်သည်

"ကိုယ်အိမ်လိုက်ပို့မယ်နော်"

ထိုအခါ ရှောင်းကျန့်က ဆူပုပ်ပုပ်ဖြင့်

"ဟာ ကိုကိုကလဲ အိမ်မပြန်ချင်သေးပါဘူး"

"ဟင် အိမ်မပြန်ချင်သေးတော့ ရှောင်းကျန့်က ဘယ်သွားချင်လို့လဲ?"

ထိုအခါမှ ပြုံးရွှင်ကာ ပြောလာသော ရှောင်းကျန့်

"ဟီးဟီး ကစားကွင်းသွားချင်တယ် အမ်း...နောက်ပြီး...မုန့်တွေလည်းစားချင်တယ်"

"ကောင်းပြီ ကိုယ်လိုက်ပို့ပေးမယ်"

"ယေး!!!!"

ဒီလိုနဲ့ ရိပေါ်ရဲ့ ဘဝမှာ ရှောင်းကျန့်က အရေးပါလာသလို ရှောင်းကျန့်ကလည်း ရိပေါ်အပေါ် ပို၍ချစ်လာသည် ။ လူတစ်ယောက်ပေါ်မလာခင်အထိသာ

.................................................................................

လေယာဉ်ကွင်း၌ စောင့်နေသော နာမည်ကပ်ပြားကိုင်ကာ ရိပေါ်

~တီ....တီ....တီ....~

ဆက်လာသော ဖုန်းကိုကြည့်ကာ

"Hello "

"ရိပေါ် ငါပါ ကွမ်းယောင်"

"ဟာ ကွမ်းယောင် မင်းအခုဘယ်မှာလဲ ငါလေယျာဉ်ကွင်းရောက်နေပြီ"

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now