'ဒဏ်ရာပေးလိုက်ဆေးပေးလိုက်နဲ့မင်းဘာဖြစ်ချင်နေတာလဲ ရှင်းတု၀သာန် '

"ရတယ် ငါ့ဘာသာပဲလုပ်လိုက်မယ်"

နှောင်းလဲ ၀သာန်လက်ထဲက ဆေးဂွမ်းတံကိုယူလိုက်ကာ ဘေစင်ပေါ်ကနေဆင်းကာ မှန်ကြည့်ကာဆေးထည့်နေလိုက်သည်

"သေချာကြည့်လိုက်တော့ မင်းရဲ့ခါးကအတော်မိုက်တာပဲ"

၀သာန်ပြောလာတဲ့စကားကြောင့် နှောင်းကြက်သီးတောင်ထသွားသည် ဘာလို့ဆိုနှောင်းနေတဲ့အနေအထားက မှန်ကိုရှေ့တိုးကြည့်နေတာမို့ ခါးကိုနောက်ပြစ်ကာ တင်ကိုကော့ပေးထားသလိုအနေအထားကို ၀သာန်ကကြည့်ပြီးပြောလာသောကြောင့်ဖြစ်သည်
နှောင်းလဲ မက်မက်ပြန်ရပ်လိုက်ကာ ဆေးပုလင်းနဲ့ဂွမ်းတံကိုပြန်ပေးကာ ထွက်လာခဲ့တော့သည်

"တကယ်မိုက်တာ နှောင်းရဲ့ "

၀သာန်ပြောတဲ့နောက်ကစကားကိုတော့ နှောင်းတော့ကြားမည်မထင်

နှောင်းလဲအခန်းထဲကိုပြန်၀င်လာတော့ ဝေယံက သူ့ကိုထိုင်စောင့်နေသည် နှောင်းလဲ ဝေယံဘေးမှာ၀င်ထိုင်လိုက်တော့သည်

"ငါကြားတယ် နှောင်း မင်းကိုဟိုသတောင်းစားကအနိုင်ကျင့်တာမလား မင်းကွာ မင်းလဲ ယောင်္ကျားပဲ သူ့ကိုပြန်လုပ်ပါလား"

"ထားလိုက်ပါ ဝေယံရယ် ငါ့ဘ၀နဲ့ငါပေါ့"

"အေးပါ"

ဝေယံဆိုတာက သူနဲ့မိဘမဲ့ကျောင်းမှာထဲကသိလာခဲ့တဲ့သူလေ ငယ်ငယ်လေးထဲက ခင်လာတာဆိုတော့ နှောင်းကလဲ ဝေယံစိတ်ကိုသိ ဝေယံကလဲ နှောင်းစိတ်ကိုသိနေတာမို့ အခုလဲ နှောင်းစိတ်ညစ်နေမှန်းသိလို့ စကားဆက်မပြောတော့ပေ

"နှောင်း! ငါ့ကိုအအေးသွား၀ယ်ပေး "

၀သာန်၀င်လာသည်နှင့်အခိုင်းတစ်ခုကပါ ပါလာသည်မို့ နှောင်းလဲထလိုက်ကာသွား၀ယ်ဖို့ပြင်တော့ ဝေယံကလက်ကိုဆွဲထားသည် နှောင်းလဲဘာမှမဖြစ်ဘူးဆိုသည့်အကြည့်နဲ့ပဲပြုံးပြလိုက်တော့မှ လက်ကိုလွှတ်ပေးသည်

နှောင်းလဲအမြန်ပဲ ကန်တင်းက အအေးဆိုင်ကာ cola ရေခဲဆိမ်တစ်ဗူးကိုယူခဲ့ပြန်လာခဲ့သည် အမြန်ပြန်မှရမည် ဘာလို့ဆို ၀သာန်က သူ့ကိုအနိုင်ကျင့်ဖို့အမြဲတမ်း အပြစ်ရှာနေတာမို့လေ

အချစ်ကခါးသည်Where stories live. Discover now