Unicode
လင်းယွီးဟန်နှင့် ရှောင်ကျန့်တို့၏ ရန်ပွဲသို့တည်းမဟုတ် ဘာအမည်တတ်လို့တတ်ရမှန်းမသိသော ပွဲများကို အိမ်တော်အတွင်းရှိ အစေခံများဟာ နားယဉ်လို့နေလေပြီ။
"လင်းမြို့၀န်မင်း..နေ့တိုင်းလာနှောက်ယှပ်နေတာ မပျင်းဘူးလားဟမ်"
ဒီကနေ့တော့ ရှောင်ကျန့်၏ နောက်ကျမှထ တတ်သော အကျင့်ဆိုးလေဟာ အခုဆိုလျှင် စောစောအိပ်ယာနှိုးနေတတ်ခဲ့ပြီ။လင်းယွီးဟန်ကောင်းမှုအကြောင်းပြု၍ နောက်ကျမှ အိပ်ယာထခြင်းအမှု ပျောက်ကွယ်သွားရ၏။
"ရှောင်ကျန့်..မင်းသာ ၀မ်ရိပေါ်ကို ထည့်ပေးရင် အခုလို ပျင်းစရာကောင်းလောက်အောင် လာမနေရဘူး"
"မင်းကို ပြောရမှာလေ..သူများလင်ကိုယူချင်နေတာ အရှက်မရှိတော့ဘူးလား"
"မင်း..မင်း..မင်း..ငါကယူချင်လို့မဟုတ်ဘူး ခဏဘဲ ငှားမှာလို့ ဘယ်နှခါပြောရအုံးမှာလဲ ရှောင်ကျန့်"
စကားကို ဝေ့ပိုက်ကာ အလိမ်မာနည်းများကို မပြောနိုင်တော့ နင်နင်ငါငါ ဖြစ်သွားရ၏။
"လင်းယွီးဟန်..ငါလည်း ဘယ်နှခါပြောရမှာလဲ မထည့်ပေးနိုင်ဘူး!!"
"အဲ့ဒါဆိုလည်း ကြည့်နေလိုက်တော့"
"ရိပေါ်မယူဘဲနဲ့ ငါ့အစ်ကိုကိုယူလိုက်ပါ့လား.."
"ချီးကိုယူရမှာလား...မင်းဘဲယူလိုက်"
"ငရဲကြီးကုန်မယ်...စကားကိုကြည့်ပြော"
ကြာလာတော့ ငယ်ပေါင်းကြီးဖော်လို ဆဲလိုက် ရန်ဖြစ်လိုက်နှင့် ကြောင်နှင့်ကြွက်ဖြစ်နေတော့၏။ကြောင်က လင်းယွီးဟန်ဆိုလျှင် ကြွက်က ရှောင်ကျန့်ပင်။ရိပေါ်ကတော့ ကြောင်နှင့် ကြွက်ကားထဲက ခွေးကြီးဖြစ်သွားရပေမည်။
"ရှောင်ကျန့်!!...."
"ဘာလဲ....ထည့်မပေးနိုင်ဘူး..နှစ်ခါကနေ သုံးခါမပြောချင်ဘူး လင်းယွီဟန်"
"တောက်!!...."
ထပ်ပြီး တောက်ခေါက်ကာ လှည့်ပြန်ပါတော့၏။နေ့တိုင်း သို့တည်းမဟုတ် မနက်တိုင်း စာကလေးတွေရဲ့ တကျွီးကျွီးအော်သံထက် ရှောင်ကျန့်နှင့် လင်းယွီးဟန်တို့၏ ရန်ဖြစ်သံဟာ အစပြုကာ မနက်ခင်းနေရောင်ခြည်ကို ခရီးဦးကြိုပြလျက်။
YOU ARE READING
ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }
Romanceရှောင်ကျန်းသည် ဖတ်ခဲ့ဖူးသော စာအုပ်ထဲရှိ ဗီလိန်နေရာသို့ ရောက်ရှိသွားသည်။တစ်ခုဘဲ သူ့ရောက်နေတဲ့ ဗီလိန်ခန္ဓာကိုယ်ပိုင်ရှင်က ဇာက်လိုက်ကို အတင်းယူထားကာ ဇာက်လိုက်၏ မုန်းတီးခြင်းကို ခံယူထားသူတစ်ယောက်ရှောင်ကျန်း ကူးပြောင်းလာခဲ့ပြီးနောက် ဇာက်လိုက်ကို ဘယ်လို...