Unicode
"ရှောင်သခင်ကြီး.."
"မြို့၀န်မင်း...ဘာကိစ္စရှိလို့ပါလဲ"
"၀မ်သခင်လေး...."
မနင်ပိုင်းရဲ့ နေရောင်ခြည်နုနုလေးကို ခံစားနေတုန်း လင်းယွီးဟန် ရောက်လာတာကြောင့် မထခြင်ထခြင်နှင့် ရှောင်ကျန့် ကုလားမှီလေးပေါ်မှ ထလိုက်ရသည်။စိတ်ထဲတွင် သိပ်မကျေနှပ်လှ သူများဇိမ်ခံနေတာကို လာနှောက်ယှပ်ရင် အမုန်းဆုံးပင်။
"မင်းတို့ ကိစ္စဘဲ ..ရိပေါ်မလိုက်ချင်ဘူးဆို မတတ်နိုင်ဘူး"
"ရှောင်သခင်ကြီးတို့ကတော့ဗျာ..."
"ရပ်....ရပ်....ရပ်...မင်းလေသံကိုပြင်လိုက်ရင်ကောင်းမယ်"
အစပိုင်းတော့ ရှောင်ကျန့် က ရိပေါ်ကို မြို့၀န်မင်းလက်ထဲထည့်ပေးမလို့ဘဲ။ယခုတော့မဟုတ်တော့...ဘာလို့လဲ လာမမေးနဲ့..သောက်မြင်ကပ်သွားလို့။
"ရှောင်.."
ရိပေါ်ရဲ့ ခေါ်သံကြားတော့ ရှောင်ကျန့်နောက်လှည့်ကြည့်မိသည်။ရိပေါ်၏ မျက်၀န်းများဟာ လင်းယွီဟန်ကို အစိမ်းလိုက်ဝါးစားပြစ်တော့မည့်အတိုင်း ကြည့်နေ၏။အခြေနေကို သဘောပေါက်သော ရှောင်ကျန့်ဟာ ၀မ်ရိပေါ်အနားအမြန်သွားကာ လင်းယွီးဟန်ဘက်လှည့်ပြီး
"မြို့၀န်မင်း..အခုသေချာသဘောပေါက်လိုက်ပါတော့.."
ဟု ပြောကာ ရိပေါ်၏ နှုတ်ခမ်းလေးကို ခြေဖျားထောက်ပြီး ခပ်ဖွဖွနမ်းလိုက်သည်။ရိပေါ်နှင့် ရှောင်ကျန့်အရပ်ဟာ မတမ်းမရိမ်းမို့ ခြေဖျားထောက်စရာမလိုသော်လည်း သက်သက်ခြေဖျားထောက်လိုက်ခြင်းဖြစ်၏။ လင်းယွီးဟန်မှာ သူ့ရှေ့ရှိလူနှစ်ေယာက်ကို လက်ညှိုးတထိုးထိုးဖြင့်
"မင်း..မင်းတို့..ဟန့်!...၀မ်သခင်လေးကို..မရ..ရတဲ့နည်းနဲ့..ခေါ်မှာ .ရှောင်သခင်ကြီး"
"လုပ်ကြည့်လိုက်လေ...ရ မရသိရအောင်...ထပ်ပြောရရင်...အာ...ဒါမှမဟုတ်..ဘယ်သူက အောဇာပိုရှိလည်းဆုံးဖြတ်နိုင်တာဘဲ..အသေချာပြောနိုင်တာကတော့..မြို့၀န်မင်းရှုံးမယ်ဆိုတာ..ကလေးမေးတောင်သိတယ်"
YOU ARE READING
ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }
Romanceရှောင်ကျန်းသည် ဖတ်ခဲ့ဖူးသော စာအုပ်ထဲရှိ ဗီလိန်နေရာသို့ ရောက်ရှိသွားသည်။တစ်ခုဘဲ သူ့ရောက်နေတဲ့ ဗီလိန်ခန္ဓာကိုယ်ပိုင်ရှင်က ဇာက်လိုက်ကို အတင်းယူထားကာ ဇာက်လိုက်၏ မုန်းတီးခြင်းကို ခံယူထားသူတစ်ယောက်ရှောင်ကျန်း ကူးပြောင်းလာခဲ့ပြီးနောက် ဇာက်လိုက်ကို ဘယ်လို...