" Tae "

" အင်း "

" ငါ မင်းကို ချစ်တယ် မင်းရော ငါ့ကို ချစ်လား "

" ဟိုလေ ငါ ငါအိပ်တော့မယ် Jungkook ဖယ်တော့ "

Taehyung ဟာ Jungkook ကိုတွန်းဖယ်ကာ ကုတင်ပေါ်က ဆင်းဖို့လုပ်တော့ Jungkook ဟာ Taehyung ရဲ့ ခါးလေးကိုအနောက်ကနေသိုင်းဖတ်ထားလိုက်ပြီး..

" ငါ ငါတို့... တူတူ အိပ်လို့မရဘူးလား.Tae "

" ဟင် ဟင့်အင်း မရဘူးထင်တယ် ငါ ငါ သွားတော့မယ် Jungkook "

Taehyung ဟာ Jungkook လက်ကိုဆွဲဖြုတ်ကာ Jungkook အခန်းထဲကနေ မပြေးယုံတမယ်ထွက်လာခဲ့တော့သည်...

အခန်းထဲရောက်တော့ Taehyung မှာ အိပ်လို့မရ ခုဏနမ်းလို့ထားတဲ့ နှုတ်ခမ်းလေးကိုကိုင်ကြည့်ရင်း မျက်လုံးထဲ ပြန်ပြန်ပေါ်လာတဲ့ ခုဏအခြေအနေကြောင့် အိပ်ယာထဲ လူးလှိမ့်လို့နေသည်..

တဖက်မှာလည် နှစ်ဦးသဘောတူ နမ်းလည်းနမ်းပြီးပြီး ဖွင့်လည်းပြောလိုက်ပြီ ဒါပေမယ့် အဖြေကရတာလား မရတာလားလည်းမသိ..

တူတူအိပ်လို့လည်းမရဘူးလို့ပြောသွားတာကြောင့် ဘယ်ဟာကိုဘယ်လိုအတည်ယူရမလည်း မသိဖြစ်ကာ သောက်လာလေးပါအမှုးပြေလို့ အခန်းထဲဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့စဥ်းစားနေရတဲ့ Jungkook

တညလုံးစဥ်းစားခန်းဖွင့်နေတာနဲ့ အိပ်ယာထနောက်ကျတဲ့ Jungkook..ကမန်းကတန်းထကာ Taehyung အတွက်မနက်စာပြင်ပေးဖို့လုပ်တော့.. စားပွဲပေါ်မှာ မနက်စာပေါင်မုန့်နဲ့ နွားနို့လေးလုပ်ပေးခဲ့ကာ စာလေးတစောင်ထားခဲ့တဲ့ Taehyung..

* ဒီနေ့ နမှုနာ ဒီဇိုင်းပြရမှာမလို့ စောစောသွားပြီနော် Jungkook *

ရေးခဲ့တဲ့စာလေးကိုဖတ်ကာ စားပွဲပေါ် ခေါင်းစောင်းကာအိပ်ချလိုက်ပြီး စိတ်ပျက်လက်ပျက် ငြီးငြူနေမိတဲ့ Jungkook ရဲ့ အဖြစ်

Jk pov..အဖြေပေးခဲ့မယ်ထင်နေတာလေ Tae ရာ အဖြေပေးခဲ့မယ် ထင်နေတာ...

....🐰🐯

ကုမ္မဏီရောက်တော့ သူလည်းနောက်ကျနေတာကြောင့် အလုပ်ခန်းထဲ လူစုစု စုစုဖြစ်နေတာကြောင့်ဘာများဖြစ်လို့လည်းဆိုပြီးကြည့်လိုက်တော့ သူ့ရဲ့စားပွဲတခုလုံးရှုပ်ပွလို့နေကာ ကွန်ပျူတာကိုလည်း ပျက်စီးအောင်ဖျတ်စီးထားခြင်းခံထားရသည်..

Impersonator Lover (complete) Where stories live. Discover now